ကောလာဟလများ၏ သားကောင်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများနှင့်တကွ မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းကြီးဖြစ်သော ၁ဝ၅ မိုင်နယ်စပ် ကုန်သွယ်ရေးစခန်းကြီးကို အမှီပြု၍ကုန်သွယ်ရောင်းဝယ်ဖောက်ကား နေကြသူများ၊ ယင်းနှင့် ဆက်စပ်၍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများ၊ အလုပ်သမားများစသည်ဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှု များပြားလှသည်။
လက်နက်ကိုင်တိုက်ခိုက်သူများက လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးတွင် သွားလာနေသည့်ယာဉ်များကို လမ်းပိတ်ဆို့ရပ်တန့်စေကာ ဖျက်ဆီးမှုများရှိနေသည့်အပြင် အရပ်သားယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်အချို့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုရှိကြောင်း သတင်းများကိုလည်း တွေ့ရှိရသည်။ ¤င်းတို့၏ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာကုန်သွယ်မှု လမ်းကြောင်းကြီးကို နှောင့်ယှက်ဖြတ်တောက်မှု ပြုလုပ်ခြင်းဖြင့် နှစ်ဖက် စလုံးကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေရန် ရည်ရွယ်ဟန်ရှိသည်ဟု ယူဆရသည်။ မည်သို့ပင်ဖြစ်စေ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့ ဖြတ်တောက်မှုကြောင့် အဓိကထိခိုက်နစ်နာမှုကို ခံစားရသူများမှာ အထက်တွင်ဖော်ပြခဲ့သလို ပြည်သူများပင် ဖြစ်သည်။
တစ်ဖက်တွင်လည်း တိုက်ခိုက်မှုများကြောင့် စိုးရိမ်ပူပန်မှုများကို ပြည်သူများကသာ အဓိကခံစားနေကြရပြီး အဓိကအားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသည့် မူဆယ်မြို့ပေါ် ပြည်သူလူထုမှာ တိုက်ပွဲဖြစ်စဉ်များကြောင့် အထိတ်တလန့်ဖြစ်ခဲ့ကြရ သည့်အပြင် မသမာသူများက ထုတ်လွှင့်ကြသည့် ကောလာဟလများ ကြောင့် မြွေပူရာကင်းမှောင့်ဆိုသည့်သဖွယ် မိမိတို့၏ အသက်အန္တရာယ် နှင့် ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာတို့အတွက် စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ်ခဲ့ကြရကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များက မူဆယ်မြို့ကို သိမ်းတော့မည်ဟူသော ကောလာဟလများ ပျံ့လွင့်ခဲ့သည့်အတွက် မူဆယ်မြို့ ပေါ်တွင် ဈေး၊ ကျောင်းများ၊ ဘဏ်များ၊ ရုံးဌာနများ၊ ဈေးဆိုင် များ ပိတ်သွားခဲ့ပြီး ရောင်းဝယ်ဖောက်ကားမှုများရပ်တန့်သွားကာ လူသွား လူလာများ ကင်းမဲ့သွားခဲ့ကြောင်း၊ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် အချို့ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ မြို့ပတ်ဝန်းကျင်ရှိကျေးရွာများ မှ ပြည်သူများက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ခိုလှုံ လာကြပြီး မူဆယ်မြို့ပေါ်မှ ပြည်သူများမှာ တရုတ်နိုင်ငံဘက်သို့ တိမ်း ရှောင်ခဲ့ကြရကြောင်း သိရသည်။
ယခုဖြစ်ရပ်မှာ တောမီးလောင်ရာတွင် တောကြောင်လက်ခမောင်းခတ် သည့် ဆိုရိုးစကားသဖွယ်ပင်ကောလာဟလများကြောင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်သည့်အပေါ်တွင် မသမာသူများက အခွင့်ကောင်းယူ အမြတ်ထုတ်မှုများ ပြုလုပ်လာနိုင်သည့်အခြေအနေကို ဖန်တီးခြင်းဟု ဆိုရမည်ဖြစ်သည်။ ပြည်သူလူထုအတွင်း လူမှုကွန်ရက်များသုံးစွဲမှုနှင့် အတူ သတင်းများဖြန့်ဝေမှု လျင်မြန်သည်နှင့်အမျှ ကောလာဟလများ နှင့် သတင်းမှားများလည်း ပါဝင်လျက်ရှိရာ ၄င်းသတင်းများအပေါ်တွင် စဉ်းစားချင့်ချိန်မှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် မည်သို့သော ရည်ရွယ် ချက်များဖြင့် မည်သည့်အတိုင်းအတာကို တိုက်ခိုက်ခဲ့သည်ဟုဆို စေကာမူ အဓိကပစ်မှတ်မှာ ပြည်သူများသာဖြစ်ခဲ့ရကြောင်း တွေ့မြင် ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ရန်မှာ လက်နက်ကိုင်နည်းလမ်းမဟုတ်ကြောင်းကို လည်း သမိုင်းသင်ခန်းစာများအရ သိရှိကြရပြီးဖြစ်သည်။ ငြိမ်းချမ်းရေး အတွက်ဖွင့်လှစ်ထားပေးသော လမ်းကြောင်းကြီးဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် တန်း တူရည်တူပါဝင်ရေးကို ရှေးရှု၍ လျှောက်လှမ်းခြင်းသည်သာ ပြည်သူလူထု ထိခိုက်မှုအသက်သာဆုံးနှင့် မှန်ကန်သည့် နည်းလမ်းဖြစ်သည်ဟု ရှုမြင်ပါ ကြောင်း။ ။

No comments:
Post a Comment