
မြဝတီ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကရင် ပြည်နယ် မြဝတီမြို့ လေးကေ့ကော်မြို့သစ်တွင် လက်ရှိနေထိုင်နေသည့် ဒေသခံများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအတွက် ခိုင်မာသော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိစေရန် ကျမ်းကျင် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မှိုမွေးမြူစိုက်ပျိုးရေးသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သဘာဝကထွက်ရှိတဲ့ မှိုမျိုး သာရှိခဲ့သော်လည်း ယခုဆို ခေတ်မီစိုက်ပျိုး နည်းပညာများဖြင့် မှိုမွေးမြူနည်း၊ မျိုးပွား နည်းမှစ၍ သင်ကြားပေးမည်ဖြစ်သည့်အတွက် ကိုယ်တိုင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ အချိန် မရွေး မိမိတတ်ထားသည့်ပညာဖြင့် ကိုယ်တိုင် မျိုးစေ့ ထုတ်နိုင်မည်ဖြစ်သည့်အတွက် မှိုမျိုး စေ့ ဖြန့်ဖြူးနိုင်ပြီး ဈေးကွက်တစ်ခု ဖော်ဆောင် နိုင်ကာ မိသားစုပေါင်းများစွာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သီနွယ် က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာ ယခုသင်တန်းကို ဖွင့်လှစ်ပို့ချခြင်း ဖြင့် ဈေးကွက်ရှိပြီး ကာလတိုအတွင်း ဝင်ငွေပြန်လည်ရရှိနိုင်သော မှိုစိုက်ပျိုး မွေးမြူရေးဖြင့် တစ်ဦးချင်းဝင်ငွေတိုးတက် စေမည်ဖြစ်ကြောင်း ပြောကြားသည်။
''ကျွန်တော်တို့က အခု ဒီသင်တန်းက ပို့ချတဲ့နည်းပညာတွေနဲ့ မိသားစုဝင်ငွေတိုးလာ မယ်လို့ ယုံကြည်ပါတယ်။ မှိုဆိုတာ ဈေးကွက် လည်းရှိပြီးသားဆိုတော့ တော်တော်လေး အဆင်ပြေပါတယ်'' ဟု သင်တန်းသားတစ်ဦးက ပြောသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ရှစ်ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂ဝ တက်ရောက်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဒု-ပြည်နယ်ဦးစီးမှူးနှင့် နည်းပြများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းရွှေနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
No comments:
Post a Comment