Sunday, October 30, 2016

အဖွဲ့ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့တဲ့ Rainbow



Image may contain: 7 people , people smiling , outdoor
တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Rainbow''က အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က ယင်း အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ ဒီအက်စ်ပီမီဒီယာက ကြေညာခဲ့ပါတယ်။
ယခုလိုအဖွဲ့ကိုဖျက်သိမ်းရတဲ့အကြောင်းအရင်းကတော့ အဖွဲ့ဝင်တွေဟာ မိမိတို့မီဒီယာနဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခြင်း မရှိတော့ဘဲ အဖွဲ့ဝင်တွေဟာ အနုပညာခရီးကို သီးခြားစီဆက်လက်လျှောက်လှမ်းလိုတဲ့အတွက် အေဂျင်စီနဲ့ လမ်းခွဲခဲ့တာဖြစ်ကြောင်း အဖွဲ့ရဲ့အေဂျင်စီက ပြောကြားခဲ့တယ်လို့ စွန်ပီဒေါ့ကွန်း က ဖော်ပြခဲ့ပါတယ်။
အဖွဲ့ဝင် ခုနစ်ဦးပါဝင်တဲ့ ''Rainbow''အဖွဲ့ဟာ ဂီတခရီးမှာ ခုနစ်နှစ်ကြာလျှောက်လှမ်းပြီးတဲ့နောက် အဖွဲ့ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် က စတင်ဖွဲ့စည်းခဲ့တဲ့ အဆိုပါတေးဂီတအဖွဲ့ဟာ ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့ကာ တေးဂီတအပြင် ရုပ်သံအစီအစဉ်တွေနဲ့ သရုပ်ဆောင်နယ်ပယ်အထိပါ ခြေဆန့်နိုင်ခဲ့ပေမယ့်လည်း လာမယ့်နိုဝင်ဘာ ၁၂ ရက်မှာ စာချုပ်သက်တမ်း ပြည့်ပြီမို့ အဖွဲ့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment