Sunday, October 30, 2016

ပုဂံဒေသ ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းမွမ်းမံရန် အလှူငွေပေးအပ်



Image may contain: 7 people , people smiling , text and indoor
ရန်ကုန် အောက်တိုဘာ ၂၉
ပုဂံဒေသငလျင်ဒဏ်သင့် ရှေးဟောင်း ဘုရားစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း မွမ်းမံရန်အတွက် အလှူငွေပေးအပ်ပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန် မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမှာစကားပြောကြားသည်။
ထို့နောက် အလှူရှင် ၄၂ ဦး တို့က စုစုပေါင်း အလှူငွေကျပ် ၂၂၁၄၅၆ဝဝဝ နှင့် ဒေါ်လာ ၃၂ဝဝ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အနောက်ဘက်မုခ်ဦးနှင့် ကမ္ဗည်း စာတမ်းများဖွင့်ပွဲ အခမ်းအနားများကို နံနက် ၁၁ နာရီခွဲတွင် ကမ္ဘာအေး ကုန်းမြေရှိ မဟာနာယကကျောင်း တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ်ပရိတ် တရားတော်ကို ရွတ်ပွားချီးမြှင့်တော်မူ ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင် လေးကျွန်းသူဖောင်ဒေးရှင်း တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး အနောက် ဘက်မုခ်ဦးနှင့် ကမ္ဗည်းစာတမ်းများ အသစ်မွမ်းမံပြင်ဆင်ခြင်းအတွက် အလှူရှင် လေးကျွန်းသူဖောင်ဒေးရှင်း က ငွေကျပ် ၂ဝ၆ သိန်းကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ သန်လျင်မင်းကျောင်း ဆရာတော်က လှူဒါန်းမှု အစုစုအတွက် ရေစက်ချ အနုမော ဒနာတရား ဟောကြားချီးမြှင့်တော်မူသည်။
ယင်းနောက် မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၏ အနောက် ဘက်မုခ်ဦး၊ တောင်ဘက်၊ အရှေ့ဘက် နှင့် မြောက်ဘက်တို့ရှိ မုခ်ဦးများတွင် ကမ္ဗည်းစာတမ်းများကို ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင် လေးကျွန်းသူ ဖောင်ဒေးရှင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး ကမ္ပည်းစာတမ်းကို ဆဋ္ဌသင်္ဂါယနာတင်တော်မူရာဌာနအဖြစ် ရဟန်းရှင်လူ ပြည်သူများ သိရှိ နိုင်စေရန်ရည်သန်လျက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ ဧကာဒသမ အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် အညီ ''ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး''ဟု ပြင်ဆင်မွမ်းမံပြီး ပိုမိုခံ့ညားထည်ဝါမှုရှိစေ ရန်အတွက် အနောက်ဘက်မုခ်ဦးနှင့် ကမ္ပည်းစာတမ်းများကို အသစ်ထပ်မံ တည်ဆောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment