Saturday, October 29, 2016

ရီပတ်ဘလစ်ကန် ဒုတိယသမ္မတလောင်း မိုက်ခ်ပန့်စ် လိုက်ပါစီးနင်းလာသည့် လေယာဉ် ပြေးလမ်းချော်မှုဖြစ်


Image may contain: 1 person , outdoor
နယူးယောက် အောက်တိုဘာ ၂၈ 

ရီပတ်ဘလစ်ကန် ဒုတိယသမ္မတလောင်း မိုက်ခ်ပန့်စ် စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် အောက်တိုဘာ ၂၇ ရက်က နယူးယောက်တွင် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း မိုက်ခ်ပန့်စ်အနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လူ ၃ဝ စီးနင်းလိုက်ပါလာသော ဘိုးရင်း ၇၃၇ လေယာဉ်သည် မစ္စတာပန့်စ်ရွေးကောက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အိုင်အိုဝါ ဖော့်ဒ်ဒေါ့ဂီမှ ပျံသန်းလာခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် နယူးယောက် လဂါဒီယာလေဆိပ်တွင် အောက်တိုဘာ ၂၇ရက် ဒေသ စံတော်ချိန် ည ၈ နာရီခန့်တွင် ဆင်းသက်စဉ် ထိုသို့ ပြေးလမ်းချော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်ဆင်းသက်ချိန်တွင် ဘရိတ်ဆောင့်နင်းသံနှင့် တာယာနှင့်လမ်းပွတ်ဆွဲ အသံကြီးကိုကြားလိုက်ရကြောင်း ခရီးသည် များက ပြောသည်။
မစ္စတာပန့်စ်အပါအဝင် ခရီးသည်များအားလုံးကို လေယာဉ်အနောက်ဘက်မှ အ္တရာယ်ကင်းစွာရွှေ့ပြောင်းမှုများလုပ် ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

(သည်အင်ဒီပင်းန်ဒင့်န်)

No comments:

Post a Comment