Sunday, October 2, 2016

၂ဝ၁၆ ခုနှစ် ကိုရီးယား-မြန်မာ ပေါင်းစည်းဆက်သွယ်ရေးဖိုရမ် ကျင်းပ



Image may contain: 2 people
ရန်ကုန် အောက်တိုဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် တို့ပူးပေါင်း၍ ကျင်းပသည့် ၂ဝ၁၆ ခုနှစ် ကိုရီးယား-မြန်မာ ပေါင်းစည်းဆက်သွယ်ရေးဖိုရမ် (2016 Korea- Myanmar Connectivity Forum)ကို စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားပြတိုက် ဘက်စုံခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. YOO Jae Kyung ၊ အာဆီယံ-ကိုရီးယားစင်တာ ညွှန်ကြားရေးမှူးချုပ် H.E.KIM Young-sun ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း၊ ကိုရီးယားနိုင်ငံမှ စာတမ်းဖတ်ကြားသူများ၊ မြန်မာနိုင်ငံဘက်မှ စာတမ်းဖတ်ကြားသူများ၊ သဘာပတိများ၊ သုတေသီများ၊ မြန်မာသမိုင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပညာရေးသုတေ သန၊ ဝိဇ္ဇာသိပ္ပံပညာရှင်များအဖွဲ့၊ မြန်မာလူမှုရေး သိပ္ပံစင်တာတို့မှ လေ့လာသူများတက်ရောက်ကြသည်။
ကိုရီးယား-မြန်မာ ပေါင်းစည်းဆက်သွယ်ရေး ဖိုရမ် (The 2016 Korea-Myanmar Connectivity Forum)ကို ပထမအကြိမ် ကျင်းပရသည့် ရည်ရွယ် ချက်သည် ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆက်သွယ် ပေါင်းစည်းနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍအသီးသီးတွင် ဆက်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအထောက်အပံ့၊ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံအကြား အပြန်အလှန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး အထောက်အပံ့ဖြစ်စေနိုင်ရန်အတွက် ရည်ရွယ်၍ သုတေသနစာတမ်းများ ဖတ်ကြား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကိုရီးယားနိုင်ငံမှ စာတမ်းဖတ်ကြားသူ လေးဦး၊ မြန်မာနိုင်ငံမှ စာတမ်း ဖတ်ကြားသူ လေးဦးတို့က နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာတို့နှင့် ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားကြသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာသမိုင်း အဖွဲ့ဝင် ဒေါက်တာတိုးလှ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာ၊ မုံရွာ စီးပွားရေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာနုနုလွင်တို့က လည်းကောင်း၊ ကိုရီးယားနိုင်ငံ Yonsei University မှ ပါမောက္ခ Dr.KIM Hyung Jong? Korea University မှ ပါမောက္ခ Dr. SHIN Jae Hyeok ? Changwon National University မှ ပါမောက္ခ Dr.JEONE Yeon Sik? Busan University of Foreign Studies မှ ပါမောက္ခ Dr.Park Jang-Sik တို့က စာတမ်းများ ဖတ်ကြားခဲ့ပြီး Keynote Speech ကို ASEAN-Korea Center မှ Secretary General H.E.KIM Young-sun က ပြောကြားခဲ့သည်။ Moderators များအဖြစ် မြန်မာသမိုင်းအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ဝင်း၊ မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် ဦးထွန်းအောင်ချိန်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွှန်းတို့က ဆောင်ရွက်သည်။
ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာ သူများ၏ မေးမြန်းဆွေးနွေးချက်များကို စာတမ်းရှင်များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ''၂ဝ၁၆ ကိုရီးယား-မြန်မာပေါင်းစည်းဆက်သွယ်ရေးဖိုရမ် (The 2016 Korea-Myanmar Connectivity Forum)ကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment