Monday, October 3, 2016

ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေး



Image may contain: indoor
နေပြည်တော် အောက်တိုဘာ ၂

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲက နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက လုပ်ငန်းကော်မတီ ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် အစီ အစဉ်များကို ရှင်းလင်းတင်ပြပြီး မြန်မာရာသီဥတုပြောင်းလဲမှု ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်မှ အကြံပေးအရာရှိချုပ် Mr. Pasquale Capizzi က အမျိုးသားရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင် များဖြစ်ကြသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၂၂)ရပ်ကို ချမှတ်ကာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment