Thursday, September 1, 2016

Supergirl Season 2 ဇာတ်လမ်းတွဲကို ယခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်ပြသမည်


Image may contain: 1 person , text
စွန့်စားခန်းများပါဝင်သည့် စူပါဟီးရိုးအက်ရှင်ဇာတ်ကား Supergirl ကို ယမန်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အမေရိကန်ရုပ်သံလိုင်းဖြစ်သည့် CBS တွင် ပြသခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင်လည်း ယင်းဇာတ်ကား၏ Season 2 ကို ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
Supergirl ၏ Season 2 တွင်လည်း ပင်တိုင်မင်းသမီးဖြစ်သူ Melissa Benoist က ခေါင်းဆောင်အဖြစ် ဆက်လက်ပါဝင်မည်ဖြစ်ပြီး အောက်တိုဘာ ၁ဝ ရက်၌ အမေရိကန်ရုပ်သံလိုင်း The CW တွင် စတင်ပြသမည့် အဆိုပါ Supergirl Season 2 ၏ ပိုစတာကို ယမန်နေ့က ဖြန့်ချိခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်းက စတင်ပြသခဲ့သည့် Supergirl Season 2 ဇာတ်လမ်းတွဲသည် ယမန်နှစ်အတွင်းက ကျင်းပခဲ့သည့် People's Choice Awards ဆုပေးပွဲတွင် Favourite New TV Drama ဆုကို လည်းကောင်း၊ Critics' Choice Television Awards ဆုပေးပွဲတွင် Most Exciting New Series ဆုကို လည်းကောင်း၊ ယခုနှစ်အတွင်း ကျင်းပခဲ့သည့် Saturn Awards ဆုပေးပွဲအခမ်းအနားတွင် Breakthrough Performance ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။
ရုပ်သံဇာတ်လမ်းတွဲ အတော်များများတွင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ် လက်ခံအားပေးမှုရရှိခဲ့သူ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင်တစ်ဦး ဖြစ်သူ Melissa Benoist သည် ယခုနှစ် ဒီဇင်ဘာလတွင် ဖြန့်ချိပြသမည့် Patriots Day ဒရမ်မာဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။
မျိုးစန္ဒာမောင်

No comments:

Post a Comment