Friday, September 2, 2016

စစ်မှုထမ်း ၈၂ဝ ထုတ်ပယ်ခဲ့ဟု တူရကီကာကွယ်ရေးဝန်ကြီး ပြောကြား



Image may contain: 1 person , outdoor
အန်ကာရာ စက်တင်ဘာ ၁
တူရကီနိုင်ငံက ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း အစိတ်အပိုင်းတစ်ရပ်အဖြစ် စစ်မှုထမ်း ၈၂ဝ ကို ထုတ်ပယ်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးက ပြောကြားသည်ဟု ဒေသဆိုင်ရာ သတင်းများ၌ ဖော်ပြသည်။
ထုတ်ပယ်ခံရသူ စစ်မှုထမ်း ၈၂ဝ အနက် ၆၄၈ ဦးအား ဖမ်းဆီးထားကြောင်း တူရကီကာကွယ်ရေးဝန်ကြီးက ပြောကြားသည်ဟု ဒေသတွင်းသတင်းစာ ဟာရီယက်က ရေးသားဖော်ပြသည်။
တူရကီစစ်ဘက်က အာဏာသိမ်းရန် ကြိုးပမ်းမှု ကျရှုံးပြီးနောက် အစော ပိုင်းက နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ဗိုလ်ချုပ်အဆင့် ဦးရေ ၂ဝဝ နီးပါး အပါအဝင် အဆင့်မြင့် စစ်အရာရှိ ထောင်နှင့်ချီကာ ၎င်းတို့၏ ရာထူးများမှ ခေတ္တချထားခဲ့သည်။
တူရကီစစ်ဘက်မှ ပြုလုပ်သော မအောင်မြင်သည့် အာဏာသိမ်းမှုနှင့် ပတ်သက်၍ လူပေါင်း ၄ဝဝ၂၉ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်း ၂ဝ၃၅၅ ဦးအား ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ယင်းတို့ထဲတွင် ရဲတပ်ဖွဲ့ အရာရှိများ၊ စစ်သားများ၊ တရားရေးဝန်ထမ်းများ၊ ဒေသဆိုင်ရာ အုပ်ချုပ်သူ များနှင့် အရပ်သားများဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် ဘီနာလီ ယေဒရီယမ်က သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment