Friday, September 30, 2016

ဒက္ခိဏသီရိမြို့နယ် ဆည်စုကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်



Image may contain: 14 people , people smiling
နေပြည်တော် စက်တင်ဘာ ၂၉
ကျေးလက်နေပြည်သူလူထု၏ လူနေမှု အဆင့်အတန်းများ ပိုမိုမြင့်မားတိုးတက် လာစေရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA) ၏ ကူညီထောက်ပံ့မှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့အုပ်စု ဆည်စုကျေးရွာ၌ စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီ တွင် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ညွှန် ကြားရေးမှူး ဦးမြင့်ဦးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆယ်မာအူးလ်အွန်ဒုံစီမံကိန်း(SMU) လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)Project Manager Mr. Parkနှင့် စေတနာ့ဝန်ထမ်း ဒေါ်ပုလဲဖြူ တို့က ကျေးရွာသူ ကျေးရွာသားများ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ယင်းနောက် ဆည်စုကျေးရွာ ဆယ်မာအူးလ်အွန်ဒုံစီမံကိန်း (SMU) ဥက္ကဋ္ဌ ဦးဖိုးတင့်က ကျေးရွာသူ ကျေးရွာသားများ၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ကို နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့ ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းမှာ အကျယ် ၁၂ ပေ၊ အမြင့် ၈ လက်မ၊ အရှည်ပေ ၁၅ဝဝ ရှိပြီး ယခု ကဲ့သို့ လမ်းဖွင့်လှစ်ပေးလိုက်သည့်အတွက် ဒေသခံများ ဝမ်းသာပီတိ ဖြစ်လျက်ရှိကြောင်း သိရသည်။
(ဇော်မင်းအောင်)

No comments:

Post a Comment