Friday, September 2, 2016

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် ဥရောပသမဂ္ဂမှ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ



Image may contain: 4 people , table, living room and indoor
နေပြည်တော် စက်တင်ဘာ ၁ ရက်

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဥရောပသမဂ္ဂမှ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Andress Magnusson အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် EU ပါလီမန်နှင့် မြန်မာလွှတ်တော်တို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင်လည်း EU အနေဖြင့် အကူအညီများ ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုး၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment