နေပြည်တော် စက်တင်ဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာကောင်းရှန်ခွင်နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိခိုက်စေသည့်၊ တရားမဝင်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန်သတင်းဖလှယ် ရယူမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ (သတင်းစဉ်)
No comments:
Post a Comment