Thursday, September 1, 2016

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်ဇနီး ပြန်လည်ထွက်ခွာ



Image may contain: 7 people , suit and indoor


နေပြည်တော် သြဂုတ် ၃၁

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် ဇနီးတို့သည် နေပြည်တော်မှ ယနေ့ညနေ ၅ နာရီ တွင် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ဇနီးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဇနီး ဒေါက်တာမြသီတာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေနမ် ဘီးယား၊ ကုလသမဂ္ဂညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment