Wednesday, August 3, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာရှက်ဒ် မာမွတ်အား ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရေးအတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment