Monday, August 29, 2016

တောင်ငူခရိုင်တွင် (၂၁) ရာစုပင်လုံညီလာခံအား ကြိုဆိုထောက်ခံ



Image may contain: 3 people , crowd, sky and outdoor
တောင်ငူ သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က တောင်ငူ ခရိုင် ခြောက်မြို့နယ်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအား ကြိုဆိုထောက်ခံပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုဆိုထောက်ခံပွဲအခမ်း အနားသို့ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ကျောက်ကြီး၊ ဖြူး၊ ရေတာရှည်မြို့နယ်များမှ ကရင် တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသားများ အပါအဝင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့ခံ ပြည်သူများ၊ ကျောင်းသားလူငယ် များ ပါဝင်ထောက်ခံခဲ့ကြပြီး တောင်ငူ မြို့ ဗိုလ်မှူးဖိုးကွန်း အမှတ်(၂)ကျောင်းမှ (၂၁)ရာစုပင်လုံညီလာခံ ထောက်ခံဟောပြောပွဲခန်းမသို့ လမ်းလျှောက်ချီတက် ထောက်ခံခဲ့ကြပြီး အင်အား ထောင်ကျော်ခန့် ပူးပေါင်းပါဝင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအား ထောက်ခံကြောင်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် လမ်းလျှောက် ချီတက်ထောက်ခံခဲ့ကြသည်။
ထို့နောက် စုရပ်ဖြစ်သည့် ခပေါင်းခန်းမကြီးတွင် (၂၁) ရာစုပင်လုံညီလာခံအား ထောက်ခံကြိုဆိုဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment