Tuesday, August 2, 2016

တောင်သမန်အင်းရေမြင့်တက်သဖြင့် ဦးပိန်တံတားယာယီပိတ်

The Mirror Daily's photo.
မန္တလေး သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းသို့ ရေဝင်ရောက်မှုတဖြည်းဖြည်းမြင့်တက်လာ သောကြောင့် သြဂုတ် ၁ ရက်မှစ၍ ဦးပိန်တံတားပေါ် ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားကြောင်း သိရသည်။
''မန္တလေးမှာ ဇူလိုင် ၃ဝ ရက်ကစပြီး မြစ်ရေက စိုးရိမ်ရေအမှတ်အထက်ကျော်လာတာက ‘ဒီနေ့ဆိုရင် နှစ်ပေလောက်ထိရှိနေတယ်။ မြစ်ရေနဲ့ မြို့ထဲကရေတွေ ကြောင့် တောင်သမန်အင်းမှာ ရေများလာပြီး ဦးပိန်တံတား တချို့နိမ့်တဲ့နေရာတွေဆို ကြမ်းခင်းအထိကိုရောက်လာပြီ။ တာဝန်ရှိသူတွေကတော့ ထိန်းသိမ်းမှုတွေလုပ်နေတယ်'' ဟု လာရောက်ကူညီပေးနေသည့် လူမှုရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။ တောင်သမန်အင်းရေများလာ ခြင်းကြောင့် အင်းအရှေ့ဘက်ခြမ်း အုတ်ရိုးနံရံများမှ ရေများစိမ့်ထွက်လာပြီး ကန်ပတ်လမ်းပေါ်တွင် ရေကျော်ကာ တစ်ဖက်ခြမ်းရှိနံ့သာကျေးရွာသို့ ရေများ ဝင်ရောက်လာကြောင်း၊ အင်းရေတံခါးကိုလည်း မြို့တော် စည်ပင်သာယာက ယနေ့နံနက်ပိုင်းက ရေလျော့ကျရန် အတွက်ဖွင့်လှစ်လိုက်လိုက်ကြောင်းသိရသည်။
''တောင်သမန်အင်းရေတံခါးဖွင့်လိုက်တော့ တခြား ရွာတွေနဲ့ရပ်ကွက်အချို့ရေဝင်မှာပဲ။ ဒါပေမယ့် အခြေ အနေအရလုပ်သင့်တာလုပ်ရတာပဲ။ လူမှုကူညီရေးအသင်း တွေရော ဌာနဆိုင်ရာတွေရောအားလုံးကပါ လိုအပ်တာ တွေ ကူညီဖို့အဆင်သင့်ရှိနေတယ်။'' ဟု အမရပူရမြို့ခံ တစ်ဦးက ပြောသည်။
တောင်သမန်အင်းရေမြင့်တက်မှုနှင့် ပတ်သက်ပြီး ၂ဝဝ၄ ခုနှစ်က ဦးပိန်တံတားကြမ်းပြင်ကျော်လွန်အောင် ရေလွှမ်းခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ်မှာ ၁၂၆ဝ စင်တီမီတာရှိပြီး ယင်းအထက် လေးပေခန့်ထိ ရောက်ရှိခဲ့ပြီး ယခုနှစ် သြဂုတ် ၁ ရက်တွင် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ရောက်ရှိနေကြောင်း သိရသည်။
(အောင်ရဲသွင်)

No comments:

Post a Comment