Wednesday, August 31, 2016

အီရတ်တွင် မင်္ဂလာပွဲတစ်ခု တိုက်ခိုက်ခံရမှုကြောင့် ၁၇ ဦးသေဆုံး


Image may contain: 1 person , outdoor
ကာဘလာ သြဂုတ် ၃ဝ
အီရတ်နိုင်ငံအလယ်ပိုင်း ကာဘလာမြို့အနီးတွင် မင်္ဂလာပွဲတစ်ခုကို သေနတ်သမားများက တိုက်ခိုက်မှုကြောင့် ၁၇ ဦးသေဆုံးခဲ့ရသည်။ အစ္စလာမ္မစ်နိုင်ငံ (အိုင်အက်စ်)တို့နှင့် ဆက်နွှယ်မှုရှိသည့် ဗာဆေ သတင်းဌာနက အဆိုပါသွေးထွက်သံယိုတိုက်ခိုက်မှုနောက်ကွယ်တွင် လက်နက်ကိုင်စစ်သွေးကြွများ ရှိနေသည်ဟု ပြောကြားသည်။
တနင်္ဂနွေနေ့ညတွင် လက်နက်ကိုင် စစ်သွေးကြွ ငါးဦးက မင်္ဂလာဆောင် အခမ်းအနားကို စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အသေခံဗုံးဖောက် ခွဲမှုတစ်ခုပြုလုပ်ခဲ့သည်။ နောက်ဆုံး ရရှိသည့် သတင်းများအရ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
ကာဘလာမြို့သည် ရှီးယာ မွတ်စလင်တို့၏ အထွတ်အမြတ်ထား ရာမြို့တစ်မြို့ဖြစ်ပြီး အိုင်အက်စ် စစ်သွေးကြွများက ဒေသခံရှီးယာ မွတ်စလင်တစ်ဦးကိုလည်း သတ်ဖြတ် သွားခဲ့သည်ဟု ဗာဆေ သတင်းဌာန က ပြောကြားသည်။
အမေရိကန်နိုင်ငံက ထောက်ပံ့ ပေးထားသည့် အီရတ်တပ်ဖွဲ့များ ၏ လက်ဦးမှုယူ တိုက်ခိုက်မှုများ ကြောင့် အိုင်အက်စ်အစွန်းရောက် စစ်သွေးကြများသည် နယ်မြေများ ဆုံးရှုံးကာ ဆုတ်ခွာထွက်ပြေးနေကြ ရသည်။ အီရတ်တပ်ဖွဲ့များသည် ဖော်လူဂျာမြို့ကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပြီး ယခုအခါ အိုင်အက်စ်တို့ အခိုင်အမာ ခြေကုပ်ယူထားသည့် မိုလ်ဆူးမြို့ကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်လျက်ရှိသည်။ သို့သော် အိုင်အက်စ်စစ်သွေးကြွများက အီရတ် နိုင်ငံတစ်ဝန်းတွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်လာ နိုင်သည်ဟု ယူဆရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment