Tuesday, August 2, 2016

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်လေးလုံးပြိုကျ ပျက်စီး


The Mirror Daily's photo.
ညောင်ရွှေ သြဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ တုံးလည်ကျေးရွာအုပ်စုတုံးလည်ရွာတွင် ဇူလိုင် ၂၉ ရက် ည ၈ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါးတိုင်၊ သွပ်မိုး၊ ထရံကာ နေအိမ်လေးလုံး ပြိုလဲခဲ့ပြီး နေအိမ်နှစ်လုံးမှာ ယိုင်နဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူ၊ တိရစ္ဆာန်နှင့် သီးနှံများထိခိုက်ပျက်စီးမှုမရှိဘဲ တာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ပြိုလဲနေအိမ်များ သိမ်းဆည်းဆောင်ရွက် ပေးခြင်း၊ လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment