Monday, August 29, 2016

မူစတာဖီနှင့် ပီရက်ဇ်တို့နှစ်ဦးအား စာချုပ်ချုပ်ဆိုခေါ်ယူမှု ၄ နာရီအတွင်းပြီးစီးမည်ဟု ဝင်းဂါးအတည်ပြုပြောကြား

Image may contain: 4 people , people smiling , outdoor
ပရီမီယာလိဂ်ကလပ်အာဆင်နယ်အသင်းမှ နည်းပြအာစင်ဝင်းဂါးသည် မူစတာဖီနှင့် လူးကပ်စ် ပီရက်ဇ်တို့ နှစ်ဦးအား ပြောင်းရွှေ့ကြေးပေါင် သန်း ၅ဝ ဖြင့် ၄၈ နာရီအတွင်း စာချုပ်ချုပ်ဆိုခေါ်ယူမှုကို အပြီးသတ်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။
အဆိုပါကစားသမားနှစ်ဦးစလုံးသည် သြဂုတ် ၂၆ ရက်က အာဆင်နယ်အသင်းနှင့် ကျန်းမာရေးဆေးစစ်မှုများလုပ်ဆောင်ခဲ့ကြပြီး ဂျာမနီကြယ်ပွင့် မူစတာဖီသည် ယခုအပြောင်း အရွှေ့ကာလအတွင်း အာဆင်နယ်အသင်း၏ နံပါတ်တစ်ဦးစားပေးခေါ်ယူမည့် နောက်တန်းကစား သမားတစ်ဦးအဖြစ်လည်း ရေပန်းစားခဲ့သူဖြစ်သည်။
မူစတာဖီသည် ဗလင်စီယာအသင်း၏ နောက်တန်းခံစစ်ကြောင်းတွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် အာဆင်နယ် အသင်းနှင့် စာချုပ်ချုပ်ဆိုမည်ဖြစ် ကြောင်းသိရသည်။
ဂျာမနီကြယ်ပွင့် မူစတာဖီသည် ဆမ်ဒိုးရီးယားအသင်းတွင် ပွဲပေါင်း ၅ဝ အထိကစားပေးခဲ့ပြီး ဗလင်စီယာ အသင်းတွင်လည်း ပွဲပေါင်း ၆၁ ပွဲပါဝင်ကစားပေးထားနိုင်ခဲ့သည်။ ဂျာမနီ လက်ရွေးစင် အသင်းအတွက်မူ ၁၂ ပွဲသာ ပါဝင်ကစားပေးထားပြီး အသက်(၂၂)နှစ်ပြည့်သည့် ၂ဝ၁၄ ခုနှစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။
ဒီပို့တီဗိုတိုက်စစ်မှူး ပီရက်ဇ်ကိုမူ အာဆင်နယ်အသင်း၏ ကွင်းလယ်တိုက်စစ်မှူးအဖြစ် အသုံးပြုလိမ့်မည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၁၆ ဒသမ ၉ သန်းကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။ တိုက်စစ်မှူး ပီရက်ဇ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်း၊ ဗယ်လက်ကာနိုအသင်း၊ ဗလင်စီယာအသင်း၊ ဒိုင်နမိုကိဗ်အသင်း စသည့် အသင်းများတွင်လည်း ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။
အာဆင်နယ်အသင်းသည် ဇာကာ၊ ရော့ဒ်ဟိုးဒင်းနှင့် အက်ဆာနို တို့အား ခေါ်ယူခဲ့ပြီးနောက် ယခုအပြောင်းအရွှေ့ကာလအတွင်း လက်ရှိအနေအထားအရ ပေါင်သန်း ၉ဝ နီးပါအထိ အသုံးပြု ထားခဲ့ပြီးဖြစ်သည်။
(ငွေကြယ်)

No comments:

Post a Comment