Monday, August 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး တာ့ဂ်ျမဟာသို့ သွားရောက်လေ့လာ

နယူးဒေလီ သြဂုတ် ၂၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဂယာမြို့မှ အိန္ဒိယအထူးလေယာဉ် ဖြင့် ထွက်ခွာခဲ့ကြရာ အဂရာမြို့သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား အဂရာမြို့၌ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ရှရီ ချန်ဒရာ ကန့်၊ ပြည်နယ်တရားသူကြီး မစ္စတာ ရှရီ ဂလိုဘယ် ဒိုင်ယာနှင့် ပြည်နယ်အဆင့်အကြီးအကဲများက အဂရာမြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ခေတ္တတည်းခိုနားနေမည့် Oberoi Amarvilas ဟိုတယ်သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့သည်Oberoi Amarvilas ရှိ စကျင်ကျောက် လက်မှုပန်းချီကျောက်ချပ် များနှင့် လူသုံးကုန်ပစ္စည်းများအား ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ အဂရာမြို့ရှိ တာ့ဂ်ျမဟာကို သွားရောက် လေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။
တာ့ဂ်ျမဟာ
အဆိုပါ တာ့ဂ်ျမဟာကို အဂရာမြို့ ယမုံနာမြစ်ကမ်း တောင်ဘက်နံဘေး ၄၂ ဧကအကျယ်ရှိ မြေနေရာ၌ စကျင် ကျောက်ဖြင့် တည်ဆောက်ထားပြီး ၁၆၂၈ - ၁၆၅၈ ခုနှစ်အထိ နှစ်ပေါင်း ၃ဝ ကြာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။ ဗိသုကာပညာရှင် Ustad Ahmad Lahauri ဦးဆောင်သည့် အဖွဲ့၏ ညွှန်ကြားမှုဖြင့် လက်မှုပညာရှင်အင်အား ၂ဝဝဝဝ ခန့် ပါဝင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တာ့ဂ်ျမဟာမှာShah Jahan ဘုရင်၏ မိဖုရား Mumatz Mahal ၏ ဂူဗိမာန်ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုက World
Heritage Site အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ နှစ်စဉ် ခရီးသွားရှစ်သန်းခန့် လာရောက်လျက်ရှိပြီး က္ဘာ့အံ့ဖွယ် ခုနစ်နေရာအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အဂရာမြို့မှ အိန္ဒိယ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ နယူးဒေလီမြို့ Palam လေတပ်စခန်း သို့ ရောက်ရှိကြသည်။
ကြိုဆို
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ်ရုံး ဝန်ကြီး မစ္စတာShri Jitendra Singh နှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။

ညစာစားပွဲ
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် နယူးဒေလီမြို့ရှိ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနေအိမ်၌ သံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊WHO တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာဆရာဝန်များ၊ ပညာတော်သင် ကျောင်းသားများအား တွေ့ဆုံပြီး သံအမတ်ကြီး ဦးအောင်ခင်စိုးနှင့်ဇနီး တို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)



No comments:

Post a Comment