Sunday, July 3, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)သို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ တက်ရောက်နိုင်ရေးဆွေးနွေး


The Mirror Daily's photo.
သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်
ရန်ကုန် ဇူလိုင် ၂
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K-National Socialist Council of Nagaland )သည် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁ ရာစုပင်လုံ)သို့ တက်ရောက်နိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)အကြို ပြင်ဆင်ရေးကော်မတီနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေးကော်မတီ၏ ဖိတ်ခေါ်မှုကြောင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) သည် ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ရန်ကုန်ရုံးခွဲတွင် (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီအား လာရောက် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲအဖွင့်တွင် (၂၁ ရာစုပင်လုံ)အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသား များ တန်းတူညီမျှရေးနှင့် အားလုံးပါဝင်ရေးမူဝါဒကို လုပ်ငန်းအစည်းအဝေးတွင်ပြောကြားထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ)အား တတ်နိုင်သမျှ ကြိုးစားအကောင် အထည်ဖော်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ နာဂအဖွဲ့ခေါင်းဆောင် ဦးအန်ကန့်က အစိုးရသစ်၏ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုနှင့် (၂၁ ရာစုပင်လုံ) ညီလာခံကိုကြိုဆိုပါ ကြောင်း၊ NSCN-Kသည် ၂ဝ၁၂ ခုနှစ် ဧပြီလက အစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲထားပြီး မိမိတို့ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်း ရေးကို အစိုးရသစ်နှင့် ပူးပေါင်း တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဘက်မှ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးမိုးဇော်ဦး၊ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူနှင့် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ကြပြီးNSCN-K မှ ဦးအန်ကန့်(အဖွဲ့ ခေါင်းဆောင်)၊ ဦးကျော်ဝမ်းစိန်၊ ဦးစောထင်၊ ဦးလင်မ်ကမ်၊ ဦးလှထွန်း (ငြိမ်းချမ်းရေးအကျိုးဆောင်) တို့ တက်ရောက်ခဲ့ကြသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီNSCN-K သည်NCCT - UPWC အစည်းအဝေးများနှင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီးNCA စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိပေ။NSCN-K သည် ၂ဝ၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု များ မရှိတော့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေနှင့်NSCN-K မှ အဖွဲ့ခေါင်းဆောင် ဦးအန်ကန့်တို့က သတင်းမီဒီယာ များ၏ မေးမြန်းချက်များကို ဖြေကြား ခဲ့သည်။
ဦးအန်ကန့်(အဖွဲ့ခေါင်းဆောင် )
(နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီNSCN-K)
ကျွန်တော်တို့ကို အစိုးရသစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက် ပြီး ဆွေးနွေးချင်တယ်ဆိုလို့ လာရောက် ဆွေးနွေးတာပါ။ အစိုးရသစ်က အခုလို ဆွေးနွေးပေးဖို့ဖိတ်ခေါ်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ကျွန်တော် တို့ လေ့လာသူအနေနဲ့ပဲဖြစ်ဖြစ်ပါဝင် ပြီး တက်ရောက်မှာပါ။ နိုင်ငံရေး ဆွေးနွေးမှုအပိုင်းမှာတော့ ကျွန်တော် တို့ပါဝင်မှာမဟုတ်ပါဘူး။ ဒေသဖွံ့ဖြိုး ရေးနဲ့ ဒေသအေးချမ်းရေးကို ဆောင်ရွက်သွားမယ်။ ဒေသရဲ့ လိုအပ်ချက်တွေကို အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်သွားပါမယ်။
NCA လက်မှတ်ထိုးမယ်၊ မထိုး ဘူးဆိုတာကတော့ ကျွန်တော်တစ်ဦး တစ်ယောက်တည်း ဆုံးဖြတ်လို့မရပါ ဘူး။ အဖွဲ့ကို ၂၁ ရာစုပင်လုံ အကြို ပြင်ဆင်ရေးကော်မတီက ပြောကြား လာတဲ့ ဆွေးနွေးချက်တွေကို ပြန်တင်ပြ ရမှာပါ။ အပစ်အခတ်ရပ်စဲရေး လုပ်တယ်ဆိုတာ တစ်ပြည်လုံး ငြိမ်းချမ်းဖို့ လုပ်ဆောင်တာဖြစ်တဲ့ အတွက် အင်မတန်သင့်မြတ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံအတွင်း မှာ နေတာဆိုတော့ မြန်မာနိုင်ငံ အစိုးရနဲ့ ဆွေးနွေးတိုင်ပင်မှသာလျှင် ကျွန်တော်တို့ဒေသက အေးချမ်းမှာ ဖြစ်တဲ့အတွက် ဆွေးနွေးတိုင်ပင်ပြီး လက်တွဲဖြေရှင်းသွားပါမယ်။
အရင်အစိုးရလက်ထက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ပါဝင် ခဲ့ပါတယ်။ အခုတက်လာတဲ့ အစိုးရ နဲ့လည်း တိုင်ပင်မယ်။ စာချုပ်ချုပ်တာ၊ လက်မှတ်ထိုးတာကတော့ တစ်ပိုင်းပါ။ ကျွန်တော်တို့ဒေသမှာ အရင်က လမ်း၊ တံတားဆိုတာ ဘာမှမရှိဘူး။ ပညာရေးမရှိဘူး။ ပြီးခဲ့တဲ့ သုံးနှစ် ကာလအတွင်းမှာတော့ ကူးသန်းသွား လာဖို့ လမ်း၊ တံတားတွေ ရှိလာတယ်။ ဒါကြောင့် အစိုးရသစ်နဲ့လည်း လက်တွဲ ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။NCAစာချုပ်လက်မှတ်ထိုးခြင်း၊ မထိုးခြင်းကတော့ အဖွဲ့ကိုတင်ပြပြီး အဖွဲ့ကဆုံးဖြတ်ပါလိမ့်မယ်။
ဦးလှမောင်ရွှေ(အတွင်းရေးမှူး)
(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ကော်မတီ)
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီNSCN-K နဲ့ ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးပါတယ်။ ကျွန်တော်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင် ဖို့အတွက်NSCN-K ကို ပြည်တွင်းကို ဖိတ်ခေါ်ပြီးရှင်းပြတာပါ။ တိုင်းရင်းသား တွေဘက်က အရင်အစိုးရလက်ထက် မှာ လက်မှတ်ထိုးထားတာ ၁၅ ဖွဲ့ရှိ တယ်။NSCN-K နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်တယ်။ NSCN-K နာဂအဖွဲ့ဟာ သီးခြားရပ်တည်ပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့မှလည်း မဟာမိတ်လုပ် ထားတာမရှိဘူး။ တပ်မတော်နဲ့တော့ ယုံကြည်မှု တည်ဆောက်ထားနိုင်တဲ့ အတွက် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ကစပြီး ၁၆ နှစ်အတွင်းမှာ ပဋိပက္ခ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

No comments:

Post a Comment