Saturday, July 30, 2016

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး စတုတ္ထနေ့ကျင်းပ




The Mirror Daily's photo.


မိုင်ဂျာယန် ဇူလိုင် ၂၉

ကချင်ပြည်နယ် မိုင်ဂျာယန်တွင်ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး တက်ရောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက် ချမှတ်သည့် ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှုတို့ကိုဆွေးနွေးခဲ့သည်။

မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ၏ အာရှရေးရာအထူးကိုယ်စားလှယ်တို့က အမှာစကား ပြောကြားခဲ့ကြသည်။

(သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်)

No comments:

Post a Comment