Friday, July 29, 2016

ပြင်သစ်ဘုရားရှိခိုးကျောင်းကို တိုက်ခိုက်သူဟုယူဆရသည့်လူများ၏ ဗီဒီယိုကို အိုင်အက်စ်တို့ထုတ်လွှင့်



 
 
 
ပါရီ ဇူလိုင် ၂၈

အိုင်အက်စ်အဖွဲ့က ပြင်သစ်နိုင်ငံရှိ ဘုရားရှိခိုးကျောင်း တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ လူနှစ်ဦး၏ ဗီဒီယိုကို ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့ပြီး ယင်း ဗီဒီယို၌ ¤င်းတို့၏ အဖွဲ့ခေါင်းဆောင် အပေါ် သစ္စာစောင့်သိမှုကို ကတိပြု ပြောဆိုခဲ့သည်။

ယင်းဗီဒီယိုကို Amaq သတင်း အေဂျင်စီက နော်မန်ဒီရှိ ဘုရားရှိခိုး ကျောင်းအတွင်း လူနှစ်ဦးဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာတွင် ထုတ်လွှင့်ခဲ့သည်။ တိုက်ခိုက်မှုကျူးလွန် သူများသည် ၄င်းတို့၏အမည်ကို အဘူလ်အိုမာနှင့် အဘူလ်ဂျယ်အီအယ် ဟာနာဖိုင်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး တစ်မိနစ်စာဗီဒီယိုထဲတွင် အိုင်အက်စ် အဖွဲ့ခေါင်းဆောင် အဘူလ်ဘကာအယ် ဘက်စ်ဒါဒီကို သစ္စာခံကြောင်း ပြောဆို ခဲ့သည်။

ပြင်သစ်အကြမ်းဖက် တန်ပြန် တုံ့ပြန်ရေးအဖွဲ့ကမူ တိုက်ခိုက်သူနှစ်ဦး ထဲမှ တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ်ရှိ အဒယ်ကာမီချီဖြစ်ပြီး ဆီးရီးယားသို့ ထွက်ခွာရန် နှစ်ကြိမ်ကြိုးပမ်းခဲ့သူ ဖြစ်ကြောင်း၊ ၄င်း၏ကြိုးပမ်းမှုများမှာ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ အနီးကပ် စောင့်ကြည့်ခြင်းခံရသူလည်း ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။
တိုက်ခိုက်သူ နှစ်ဦးအနက်မှ ကျန် တစ်ဦး၏ နောက်ကြောင်းကိုမူ မသိရ သေးပေ။ ရဲများက အကြမ်းဖက်တိုက် ခိုက်သူနှစ်ဦးဘုရားရှိခိုးကျောင်းအတွင်းမှ ထွက်လာလျှင်ထွက်လာချင်း သေနတ် ဖြင့် အသေပစ်သတ်ဖမ်းဆီးခဲ့သည်။ (ရိုက်တာ)



No comments:

Post a Comment