Saturday, July 30, 2016

ပင်လုံစိတ်ဓာတ်ကိုအခြေခံ၍ တည်ဆောက်မည့် (၂၁)ရာစု ပင်လုံညီလာခံသည် လုံခြုံမှုနှင့်လွတ်လပ်မှုပေးနိုင်သည့်ခိုင်မာသောပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေးကြမည့် အရေးကြီးသောပထမခြေလှမ်းဖြစ်


 နေပြည်တော် ဇူလိုင် ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ''ဝ''အထူးဒေသ(၂)မှ ''ဝ'' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့်အဖွဲ့ဝင်များ၊ အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့်အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊
ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်း ရေးမှူး ဦးခင်ဇော်ဦးနှင့် ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးမိုးဇော်ဦးတို့ တက်ရောက် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ပင်လုံ စိတ်ဓာတ်ကိုအခြေခံ၍ တည်ဆောက်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံသည် လုံခြုံမှုနှင့် လွတ်လပ်မှု ပေးနိုင်သည့် ခိုင်မာသောပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ညှိနှိုင်းဆွေးနွေး ကြမည့် အရေးကြီးသော ပထမခြေလှမ်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ''ဝ'' အထူးဒေသ(၂) ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူယိနှင့် ဦးကျောက်ကော်အန်း တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ နှင့် ရပ်တည်ချက်သဘောထားများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အထူးဒေသ(၄) မိုင်းလားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းက ငြိမ်းချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် ''ဝ'' အထူးဒေသ (၂)နှင့် အထူးဒေသ (၄) မိုင်းလားနှစ်ဖွဲ့စလုံးက မကြာမီကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းတင်ပြမှု များအပေါ် ပြန်လည်ဆွေးနွေးပြောကြား ပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆက်လက် ဆွေးနွေးကြရာတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းကြရန် မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးပေါက်ယူယိနှင့် အဖွဲ့ဝင် များ၊ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နေ့လယ်စာ စားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က''ဝ'' အထူးဒေသ(၂)နှင့် အထူးဒေသ(၄)မိုင်းလားမှအဖွဲ့ဝင်များ၊ လူငယ်များနှင့် အမျိုးသမီးငယ်များအား တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ယခုကဲ့သို့ “ ''ဝ''”အထူး ဒေသနှင့် မိုင်းလားအထူးဒေသတို့မှ လူငယ်များ လာရောက်တွေ့ဆုံသည်ကို တွေ့မြင်ရသည်မှာ ပြည်ထောင်စု၏အင်အားကို ပြသခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးငယ်များ ပါဝင်သည့်အတွက် အထူးပင်ဝမ်းသာပါကြောင်း၊ ငြိမ်းချမ်း ရေးကြိုးပမ်းနေခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ကြိုးပမ်းခြင်းပင်ဖြစ် ကြောင်း၊ နိုင်ငံတိုင်းတွင် လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ က္ဘာ့လူဦးရေတစ်ဝက်မှာ အမျိုး သမီးငယ်များဖြစ်ပါကြောင်း၊ တိုင်းရင်း သား အမျိုးသမီးငယ်များအနေဖြင့် ငြိမ်းချမ်းရေးကို အင်တိုက်အားတိုက် ပါဝင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ လူငယ်ဆိုသည်မှာ မိမိတို့နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ပါကြောင်း၊ မကြာခဏ ဆိုသလိုပင် လူငယ်များအနေဖြင့် လူကြီး များ မစွမ်းဆောင်နိုင်သည့်ကိစ္စကို စွမ်းဆောင်နိုင်ပါကြောင်း၊ လူငယ်များ အနေဖြင့် စာမျက်နှာသစ်ပေါ်တွင် ဆောင်ရွက်နိုင်သည့် အခွင့်အရေးနှင့် အရည်အချင်းတို့မှာ များပြားပါကြောင်း၊ မိမိတို့ပြည်ထောင်စုသည် အမှန်တကယ် ပင် ညီညီညွတ်ညွတ် ခိုင်ခိုင်ခံ့ခံ့ဖြင့် အေးချမ်းသာယာရမည် ဖြစ်ကြောင်း၊ သည့်အတွက် လူငယ်များအကြားတွင် လည်း ကူးလူးဆက်ဆံမှုများရှိရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံရှိ လူငယ်များအနေ ဖြင့် ကိုယ့်ပြည်နယ်တွင်သာမက ပြည်ထောင်စုတစ်ဝန်းရှိ ဒေသများသို့ လည်း သွားရောက်လည်ပတ်ပြီး လူငယ် များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိ အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်ထောင်စုတစ်ဝန်း၌ ရှိကြသည့် ပြည်သူပြည်သားအများစုမှာ တိုင်းရင်းသားများ၏ဘဝနှင့် မကွာဟ ပါကြောင်း၊ လူငယ်များအတွက် အရေး ကြီးဆုံးမှာ ပညာရေးနှင့်ကျန်းမာရေးပင် ဖြစ်ပါကြောင်း၊ ယခု တိုင်းရင်းသား လူငယ်များကို တွေ့ဆုံရသည်မှာ ကျန်းကျန်း မာမာရှိကြပါကြောင်း၊ ကျန်းမာရေးချို့တဲ့ မှုမှာ မျက်စိဖြင့်တွေ့မြင်နိုင်သော်လည်း ပညာရေးချို့တဲ့မှုကို ကြည့်၍ မမြင်နိုင်ပါ ကြောင်း၊ ပညာရေးချို့တဲ့မှုမှာ မိမိတို့ နိုင်ငံ၏အနာဂတ်အတွက် ကျန်းမာရေး လောက်အရေးကြီးပါကြောင်း၊ မိမိတို့၏ ပညာရေးစနစ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတိုးတက်ရေး၊ ညီညွတ်ရေး အခြေခံဖြစ်စေမည့် ပညာ ရေးစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ပညာ ရေးနှင့် ကျန်းမာရေးကိစ္စများသည် အားလုံးပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စ ဖြစ်သည့်အတွက် ယခု လူငယ်များအနေ ဖြင့် မေးမြန်းလိုသည်များရှိပါက မေးမြန်း နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပြီး တက် ရောက်လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် သော ငြိမ်းချမ်းရေးကော်မရှင်သည် “''ဝ''အထူးဒေသ(၂) နှင့် အထူးဒေသ (၄) မိုင်းလားတို့နှင့် အသေးစိတ်ဆွေးနွေး ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။ 

(သတင်းစဉ်)

No comments:

Post a Comment