Saturday, July 30, 2016

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၂၉

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ငန်းအမျိုးအစားများအလိုက် တင်ပြလျှောက်ထားလာမှုများအပေါ် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အသုံးပြု အကောင်အထည်ဖော်နိုင်မည့် အခြေ အနေ ရှိ/မရှိကို ဗဟိုကော်မတီဝင်များ အနေဖြင့် သေချာစွာ စိစစ်ဆုံးဖြတ် ဆောင်ရွက်သွားကြရန် အရေးကြီးကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ကျူးကျော်ဝင်ရောက် ကြသည့် ပြဿနာများ၊ မြေကိုရယူထားပြီး လက်လွှဲရောင်းချခြင်း၊ မြေကို ရယူထားပြီး သတ်မှတ်ကာလအတွင်း အကောင်အထည်မဖော်ကြခြင်းများကို ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ မူဝါဒတိတိကျကျ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံဆောင်ရွက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့ ဝင်များက ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများအတွက် မူဝါဒ ချမှတ်နိုင်ရေးကို ဝိုင်းဝန်းပူးပေါင်း၍ ပွင့်ပွင့်လင်းလင်းဖြင့် ပါဝင်ဆွေးနွေးကြရန် ယနေ့နံနက် ၉ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပထမ အကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထာင်စုဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဗဟို ကော်မတီအတွင်းရေးမှူးက ဆွေးနွေး ဆုံးဖြတ်ရန်ရှိသည့် ကိစ္စရပ်များအား ကဏ္ဍတစ်ခုခြင်းအလိုက် တင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

အစည်းအဝေးတွင် ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝ ရက်တွင် နိုင်ငံတော်သမ္မတရုံး ၏ အမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်းတာဝန်များ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အသစ်ပြင်ဆင်ဖွဲ့စည်းပြီးသော ဗဟိုကော်မတီ၏ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment