Wednesday, June 1, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


The Mirror Daily's photo.
နေပြည်တော် မေ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo WATANABE အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment