
နေပြည်တော် မေ ၃၁
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဂေါ်တမ်မူခို ပါဒါယ အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment