Thursday, June 2, 2016

ဂေါ်ရီလာသေဆုံးမှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် ပြစ်မှုကျူးလွန်သူကို တရားစွဲမည်

လန်ဒန် ဇွန် ၁

ဆင်စင်နာတီရှိ ဂေါ်ရီလာ လှောင်အိမ် အတွင်းသို့ သုံးနှစ်သားကလေးငယ် ပြုတ်ကျသွားမှုကြောင့် ကလေးငယ်ကို ကယ်တင်ရန် တိရစ္ဆာန်ကို ပစ်သတ်ရေး တောင်းဆိုခဲ့သည့် မိဘများကို အဆိုပါ မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးနေကြောင်း အင်္ဂါနေ့တွင် ရဲများ က ပြောသည်။
စုံစမ်း စစ်ဆေးသူများသည် အားလပ်ရက်ကဖြစ်ပွားသော အဆိုပါ မတော်တဆမှုအတွင်း မိဘများနှင့် မိသားစုဝင်များ၏ အပြုအမူများ၊ ဆင်စင်နာတီ တိရစ္ဆာန်ရုံ၏ လုံခြုံမှုနှင့် ပေါင် ၄၅ဝ ခန့်ရှိ ဂေါ်ရီလာဟာရမ် ဘေးကို ပစ်သတ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အဓိက စုံစမ်းနေ ကြောင်း ဆင်စင်နာတီ ရဲတပ်ဖွဲ့က ပြောသည်။
''အမှုဖြစ်ပွားရာ အချက်အလက် တွေကို ပြန်လည်သုံးသပ်နေပါတယ်''ဟု ရဲတပ်ဖွဲ့ တွစ်တာ စာမျက်နှာတွင် ဖော်ပြ ထားသည်။

မတော်တဆမှုအတွင်း ကနဦးက မည်သူ့ကိုမျှ တရားစွဲဆိုခဲ့ခြင်းမရှိခဲ့ဘဲ ဖြစ်နိုင်ဖွယ်ရာ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုရေးရဲတပ်ဖွဲ့က ဒုတိယအကြိမ် ဆောင်ရွက်နေခြင်းဖြစ်သည်။
''ပထမတစ်ခါ စုံစမ်းစစ်ဆေးပြီး သွားပြီး သူတို့က ဖြစ်နိုင်ခြေရှိတဲ့ ပြစ်မှု ကျူးလွန်သူကို ကျွန်တော်တို့နဲ့ ဆွေးနွေး ညှိနှိုင်းသွားပါမယ်'' ဟု ဟာမစ်တန် စီရင်စု ရှေ့နေတစ်ဦးဖြစ်သူ ဂျိုးဆက် ဒတ်တာက ပြောသည်။

ကလေးငယ်၏ အသက်မှာ သုံးနှစ် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့ တွင် အတည်ပြုခဲ့သည်။ အစောပိုင်းက လေးနှစ်ဟု ဖော်ပြခဲ့ကြသည်။
ကလေးငယ်သည် လှောင်အိမ် အတွင်းသို့ သွားလိုသည့်အတွက် သုံးပေ အမြင့်ရှိ အရန်အတားကို ကျော်တက်ရာ ၁၅ ပေခန့်နက်သော ကျုံးအတွင်းသို့ လိမ့်ကျသွားခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ဆိုသည်။
(ရိုက်တာ)

No comments:

Post a Comment