Friday, June 3, 2016

မြန်မာတစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန် စီမံဆောင်ရွက်နေ သစ်တောများပျက်စီးမှုမဖြစ်စေရေး မြန်မာ့သစ်လုပ်ငန်းက တာဝန်ယူဆောင်ရွက်လျက်ရှိ


The Mirror Daily's photo.
နေပြည်တော် ဇွန် ၂
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ် ခြင်း လုံးဝရပ်ဆိုင်းရန် စီမံဆောင်ရွက် နေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြား သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစားလျော့ကျခြင်းအတွက် မျိုးဆက်ပင်များမရှိသည့်နေရာများတွင် ကျွန်းပင်ထုတ်လုပ်မှုကို ရပ်ဆိုင်း မည်ဖြစ်ပြီး သစ်မထုတ်မီ သစ်တော သယံဇာတစာရင်း ကောက်ယူမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် သစ်တော များ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး မြန်မာ့သစ်လုပ်ငန်းက အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း ပြော သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ကျွန်း အပါအဝင် သစ်များထုတ်ယူနေခြင်းကို ရပ်ဆိုင်းရန် ရှိ၊ မရှိနှင့် ရပ်ဆိုင်းရန် မရှိပါက ပွင့်လင်းမြင်သာသော အစီ အစဉ်ဖြင့် ထုတ်လုပ်ရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်ဆွေလွင်က မေးခွန်း မေးမြန်းရာတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် လဲပုံအုပ်စုရှိ ရင်ကွဲတောင် သစ်တောကြိုးဝိုင်းနှင့် ကြက်မောက်တောင် သစ်တောကြိုး ဝိုင်းမှသစ်များကို သစ်ထုတ်လုပ်ရေးမှ နှစ်ပေါင်း ၃ဝ ခန့်ထုတ်ယူခဲ့ပါကြောင်း၊ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီ များက ထုတ်ယူကြပါကြောင်း၊ ဒေသ ခံများ ကန့်ကွက်သည့်ကြားမှ လျစ် လျူရှုလျက် ဘိုးဘွားပိုင်ပစ္စည်းသဖွယ် ထုတ်ယူကြောင်း၊ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်တွင် ကိုမန် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကိုခံစားခဲ့ရပြီး မုန်းချောင်းဘေး ဝဲ၊ယာရှိ ကျေးရွာများ ရွာလုံးကျွတ် နီးပါး ရေထဲပါခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်းနှင့် စားဝတ်နေရေး လူမှု ဒုက္ခများကို ပြင်းထန်စွာ ခံစားခဲ့ ရကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။
ယင်းအပေါ် ပြည်ထောင်စုဝန်ကြီး က ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်အထိ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းကို ၆၈ ခရိုင်တွင် ရေးဆွဲအတည်ပြုပြီး ခရိုင် အလိုက်နှစ်စဉ် သစ်ထုတ်လုပ်နိုင်မည့် ကျွန်း၊သစ်မာ ပင်ထောင်အရေအတွက် အား စနစ်တကျ တွက်ချက်သတ်မှတ် ပြီးဖြစ်ကြောင်း။
သစ်တောသယံဇာတများ ရေရှည် တည်တံ့တိုးပွားရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှု သက်သာစေ ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးတို့ကို ထည့်သွင်းစဉ်းစား၍ နှစ်စဉ် တောထွက်ပမာဏ (Annual Allowable Cut-AAC) ဘောင် အတွင်းမှ သစ်ထုတ်လုပ်ခြင်းလုပ်ငန်း ကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ကျွန်းနှင့် သစ်မာများကို သတ်မှတ်ထားသည့် ခွင့်ပြုမှုထက် လျှော့ချထုတ်လုပ် ခဲ့ပါကြောင်း၊ ၂ဝ၁၄ ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်း ကိုလည်း ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တွင် နှစ်စဉ်ထုတ်လုပ်နိုင်မည့် တောထွက်ပမာဏဘောင်အတွင်းမှ စနစ်တကျထုတ်လုပ်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း။
ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်အတွင်း၌ ယခုနှစ်မိုးရာသီတွင် ကျွန်းစိုက်ခင်းဧက ၅ဝ ကို စိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံများ ပူးပေါင်းပါဝင်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၂၇၃ ဧကကိုလည်း တည်ထောင်ခွင့်ပြု ပြီးဖြစ်ကြောင်း ဖြေကြားသည်။
ယနေ့ အစည်းအဝေး၌ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က မြတောင်-ရွှေကူ လမ်းပိုင်းတွင် ကျောက်လမ်း (၃၄)မိုင်(၄)ဖာလုံကို (၁၈)ပေအကျယ် ကတ္တရာလမ်းအဆင့် ဆောင်ရွက် ရန်နှင့် ပေ(၅ဝ)အောက် သံကူကွန် ကရစ်တံတားများ တည်ဆောက်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ ODA LOAN ချေးငွေဖြင့် လည်း ကောင်း၊ ဘဏ္ဍာနှစ်အလိုက် ရန်ပုံ ငွေတင်ပြတောင်းခံ၍လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးသိန်းလွင်၏ မေးမြန်း ချက်အပေါ် ပြန်လည်ဖြေကြားခဲ့ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ရွှေကူ-စင်းခန်းလမ်းပိုင်းကိုလည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၁၂ ပေအကျယ် ကတ္တရာခင်းခြင်း၊ ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်း၊ ကျောက်စီမြေကာနံရံ တည်ဆောက် ခြင်း၊ ပေ ၅ဝ အောက် ကွန်ကရစ် တံတားလေးစင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment