Wednesday, June 1, 2016

ယူရို-၂ဝ၁၆ ပြိုင်ပွဲတွင် အိမ်ရှင်ပြင်သစ်ဗိုလ်စွဲရန် ထိပ်ဆုံးမှရေပန်းစား


The Mirror Daily's photo.
ယူရို-၂ဝ၁၆ပြိုင်ပွဲ ကျင်းပရန် နီးကပ်လာချိန် အိမ်ရှင်ပြင်သစ်အသင်းသည် ကမ္ဘာ့ချန်ပီယံဂျာမနီ နှင့် နှစ်ကြိမ်ဆက်ယူရိုဖလားချန်ပီယံ စပိန်အသင်းတို့အား ကျော်ဖြတ်ကာ ဗိုလ်စွဲရန် ရေပန်း စားမှုအဆင့်တွင် ထိပ်ဆုံးမှရပ်တည်နေကြောင်း စကိုင်းစပို့စ်က ဖော်ပြသည်။ ဂျာမနီအသင်း သည် ဒုတိယ၊ စပိန်အသင်းသည် တတိယနေရာတို့ဖြင့် ရေပန်းစားနေပြီး အင်္ဂလန်အသင်းသည် အီတလီနှင့် ဘယ်လ်ဂျီယံအသင်းတို့အား ကျော်လွန်ကာ စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့ ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်ကပင် ဆက်လက်ဖော်ပြသည်။ ရေပန်းစားမှု အနိမ့်ဆုံး အသင်းများမှာ မြောက်အိုင်ယာလန်၊ အယ်လ်ဘေးနီးယားနှင့် ဟန်ဂေရီအသင်းတို့ဖြစ်ကြသည်။
ပြင်သစ်အသင်းတွင် ဘင်ဇီမာ၊ ဗာရာနီ၊ ဘင်အာဖာတို့ပါဝင်မည်မဟုတ်သော်လည်း ယခုကဲ့သို့ ဗိုလ်စွဲရန်ရေပန်းစားနေခြင်းမှာ အိမ်ရှင်အဖြစ် တာဝန်ယူခဲ့သည့်နှစ်များတွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစဉ်အလာကောင်းကြောင့်ဖြစ်သည်။ ပြင်သစ်သည် အဓိကပြိုင်ပွဲလေးကြိမ်တွင် အိမ်ရှင်အဖြစ်ဆောင်ရွက်ခဲ့ဖူးရာ အစောပိုင်းနှစ်များဖြစ်သည့် ၁၉၃၈ ကမ္ဘာ့ဖလားနှင့် ယူရို-၁၉၆ဝ တို့တွင် အောင်မြင်မှုမရရှိခဲ့သော်လည်း ယူရို-၁၉၈၄ နှင့် ၁၉၉၈ ကမ္ဘာ့ဖလားတို့တွင် ချန်ပီယံဖြစ်ခဲ့သည်။
မေ လဲ့ သင်း - စု စည်း ရေး သား သည်

No comments:

Post a Comment