Saturday, June 4, 2016

မြစ်သားမြို့ စမုံမြစ်ရေလျှံကာ ရွာချောင်းထဲသို့ရေများဝင်၍ ဒေသခံများ စိုးရိမ်နေ

 
 
 
 
 
ထင်သာမြင်သာပြုပြင်စရာ


မြစ်သား ဇွန် ၃

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် အင်းရင်းကျေးရွာ အုပ်စုတွင် စမုံမြစ်ရေ လျှံပြီး ကျေးရွာချောင်းထဲသို့ ဇွန် ၃ရက် နံနက် ၄နာရီခန့်က ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။

အင်းရင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက ''ကျွန်တော်တို့ အင်းရင်းအုပ်စု က ဒီလိုမိုးရာသီဆို မနှစ်ကလွဲလို့ နှစ်တိုင်း စမုံမြစ်က ရေလျှံတယ်။ ရွာချောင်းထဲကို ဝင်ပြီး ရွာထဲကို ရေတက်တယ်။ ရွာပြင် ကစိုက်ခင်းတွေ ရေမြုပ်တယ်။ ပျက်စီး ကုန်ပါတယ်။ အရင်နှစ်တွေမှာ ဆည်မြောင်းက အခုလိုရေလျှံတဲ့နေရာ တွေကို မြေသားဖို့ပြီး ချောင်းတွေကို စက် တွေနဲ့ဖော်ပေးပါတယ်။ ဒါပေမယ့် ဒီလို အထက်မှာမိုးများရင် ဖို့ထားတဲ့မြေတွေ ဟာပြိုပြီး ရွာထဲကိုရေဝင်တာပါပဲ။ အခုတော့ ရွာထဲကိုရေမဝင်သေးပါဘူး။ ဒါပေမယ့် ရွာချောင်းပေါ်မှာဆောက်ထား တဲ့ တံတားနှစ်စင်းရဲ့ အတက်အဆင်း မြေသားတွေက အခုရေနဲ့တင် ကျွံနေ ပါတယ်။ မိုးဆက်ရွာမယ်ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် သွားနိုင်ပါတယ်။ နှစ်တိုင်းလိုလိုဖြစ်နေတဲ့ ဒီရေလျှံတာကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် မိုးရာသီရောက်တိုင်း ကျွန်တော်တို့ စိတ်မအေးရပါဘူး''ဟု ပြောသည်။

အဆိုပါ ရေလျှံလျက်ရှိသောနေရာ နှင့် တံတားများကို မြို့နယ်အုပ်ချုပ်ရေး မှူးနှင့် ဆည်မြောင်းမှတာဝန် ရှိသူများက လာရောက်ကြည့်ရှုပြီး ရေဆက်မတက် နိုင်ရန်နှင့် တံတားများအချိန်မီ ထိန်းသိမ်း ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment