Wednesday, June 29, 2016

ပြည်သူများ ငွေကြေးဝန်ဆောင်မှုပိုမိုရရှိရေး ဘဏ်များ တိုးချဲ့ဖွင့်လှစ်



The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၈

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ် လီမိတက်သည် မြန်မာနိုင်ငံတွင်း ကျေးလက်ဒေသများအထိ နေရာအနှံ့အပြားတွင် ဘဏ်ခွဲသစ်များ တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ဇွန် ၂၈ ရက်က ရန်ကုန်မြို့ အနောက် ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်တွင် ဘဏ်ခွဲ ၄ဝဝ ပြည့် အနောက် ရွှေဂုံတိုင်လမ်းဘဏ်ခွဲကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်လီမိတက်ကို ၁၉၉၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်း ပြည်ပ ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်လျက်ရှိရာ နိုင်ငံခြားဘဏ်ခွဲများ အနေဖြင့် မေလနှင့် ဇွန်လတွင် ထိုင်း နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် နိုင်ငံတကာဘဏ် ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့်လိုင်စင်ရရှိခဲ့သည်။

ထို့အပြင် ကမ္ဘာ့အဆင့်မီ Oracal Flexcube Core Banking Software ကို အသုံးပြုကာ ပြည်တွင်းဘဏ် လုပ်ငန်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို လည်းကောင်း၊ ATM စက်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ယခုထက် လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် Mobile Banking ၊ Internet Banking ၊ E-commerce နှင့် Online Shopping အစရှိသည့် digital payment များကို လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ရန် ကမ္ဘာ့အကောင်းဆုံး ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာများကို အသုံးပြုဝန်ဆောင်မှုပေးနိုင်သည့် KBZ Gateway ကုမ္ပဏီကိုလည်း တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ကမ္ဘောဇဘဏ် လီမိတက်သည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အများပြည်သူအတွက် ချေးငွေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုထုတ် ချေးလာနိုင်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ပါဝင်လာအောင် ပံ့ပိုးဆောင်ရွက်ပေးခဲ့ခြင်းဖြင့် အာရှတိုက်၏ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ယနေ့ခေတ် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ပိုမိုသိသာစွာတိုးတက် အောင်မြင်ဖွံ့ဖြိုးစေခဲ့ခြင်း၊ ခေတ်မီအဆင့်မြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိခြင်း၊ နိုင်ငံတော်အတွက် ဝင်ငွေခွန်အများဆုံး ပထမနေရာမှ လေးနှစ်ဆက်ပေး ဆောင်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတကာမှ ချီးမြှင့်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ထူးချွန်ဆုများကို နှစ်စဉ်ရရှိခဲ့ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment