Tuesday, June 28, 2016

လမ်းဖြတ်ကူးသူများ အန္တရာယ်ကင်းစေရေး လူကူးတံတားရှိ ဓာတ်လှေကားပြုပြင်ပေးစေလို


 



ထင်သာမြင်သာပြုပြင်စရာ

ရန်ကုန်တိုင်းဒေသကြီး      ကျောက် တံတားမြို့နယ်နှင့်   ပန်းဘဲတန်းမြို့နယ် အတွင်း    လူစည်ကားရာနေရာတို့၌ ပြည်သူများ  ယာဉ်အ္တရာယ်ကင်းဝေး စေရေးအတွက်   နိုင်ငံတော်မှ  ကျပ်သိန်း ပေါင်းမြောက်မြားစွာ အကုန်အကျခံ၍  ခုံးကျော်တံတားများ  ဆောက်လုပ်ပေး ခဲ့သော်လည်း အချို့သော ခုံးတံတား များမှာ  အလွန်မြင့်ပြီး ဓာတ်လှေကား မတပ်ဆင်ခြင်းတို့ကြောင့် ကျန်းမာရေး မကောင်းသော        ပြည်သူအချို့မှာ အလွယ်တကူ   ခုံးတံတားပေါ်မတက် နိုင်ဘဲ  လမ်းဖြတ်ကူးရမှုကြောင့် ယာဉ် အ္တရာယ်များဖြစ်ပွားနိုင်သည့် အခြေ အနေ ဖြစ်ပေါ်နေပါသည်။

အထူးသဖြင့်    ကျောက်တံတား မြို့နယ်  ကမ်းနားလမ်းရှိ     လူကူးခုံးကျော် တံတားမှာ  ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ တွံတေး၊ ဒေးဒရဲ၊  ဖျာပုံ၊  ဒလစသည့် မြို့ရွာများမှ ပြည်သူများ ရန်ကုန်မြို့သို့ အလုပ်သွားကြရာတွင် အဓိကအသုံးပြု ရပါသည်။ နေ့စဉ်လူဦးရေ သိန်းသောင်းချီ အသုံးပြုနေသော ခုံးကျော်တံတားရှိ ဓာတ်လှေကား     ပျက်နေသည်မှာ   တစ်လခွဲခန့်ကြာမြင့်ပြီဖြစ်၍ အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်းနှင့်   ကျန်းမာ ရေးမကောင်းသူများအပြင်   ပြည်သူ များပါ   ခုံးကျော်တံတားပေါ်မတက်ဘဲ  အလွယ်တကူ ကားလမ်းကူးနေပါသဖြင့်  ယာဉ်အ္တရာယ်   ဖြစ်ပွားနိုင်ပါကြောင်း  သိရသည်။    
အောင်ဇော်ထွေး

No comments:

Post a Comment