Tuesday, June 28, 2016

မူးယစ်ဆေးဝါးကင်းစင်ရေးတွင် ပြည်တွင်းငြိမ်းချမ်းရေးသည်အရေးပါ

 
 
 
 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြန်မာကြိုက် ကိုရီးယားမင်းသားတစ်ဦး မူးယစ်ဆေးဝါးများအလွန်အကျွံ သုံးစွဲကာ မိမိကိုယ်မိမိအဆုံးစီရင်သွားခဲ့သည်။ နာမည်ကျော် မင်းသား တစ်ဦးဖြစ်သည့်တိုင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်နှစ်ခါကျခဲ့ဖူးသူ၏ဘဝမှာ လုံးဝတစ်ခန်းရပ်သွားခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အနုပညာလောကတွင်လည်း မူးယစ်ဆေးဝါးနှင့်တစ် နည်းနည်းပတ်သက်ခဲ့မှုများကြောင့် ဥပဒေကပေးသည့်ပြစ်ဒဏ်ခံယူ ခဲ့ရသူများရှိခဲ့ဖူးသည်။ မူးယစ်ဆေးဝါးကို သုံးစွဲလိုက်ပြီဆိုသည်နှင့် သုံးစွဲ သူ၏ဦးနှောက်၊ ဗဟိုနာ့ဗ်ကြော၊ အာရုံကြောစသည့် အစိတ်အပိုင်းတို့ကို ထုံထိုင်းမူးယစ်စေကာ အထင်အမြင်အာရုံအမှားများကို ခံစားရစေသည်။ ရေရှည်တွင် ဦးနှောက်ကိုထိခိုက်ကာ ဆေးကြောင်ကြောင်သည့် အပြု အမူများဖြစ်ပေါ်စေပြီး အသက်အ္တရာယ်ထိခိုက်စေသည်အထိ မူးယစ် ဆေးဝါး၏ အ္တရာယ်က ကြီးသည်။

မူးယစ်ဆေးဝါးကို စတင်သုံးစွဲရာတွင် ဆယ်ကျော်သက်များမှသည် အသက် ၂ဝ အရွယ်ခန့်အထိဖြစ်ပြီး မူးယစ်ဆေးစွဲရာတွင်မူ အသက် ၂ဝ မှ ၄ဝ ကြား လူငယ်လူရွယ်များဖြစ်သည်ဟု စစ်တမ်းများက ဆိုထားရာ လူ့ဘဝသက်တမ်းတွင် တက်လူဟုဆိုနိုင်သော အကောင်းဆုံးအရွယ်များ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံအတွက်လည်း အဖိုးတန်လူသားအရင်းအမြစ်များပင်ဖြစ်သည်။ မူးယစ်ဆေးဝါးများက လူငယ်လူရွယ်တို့ စုဝေးရာ၊ လူငယ် လူရွယ်တို့၏ပတ်ဝန်းကျင်များတွင် ပုံသ္ဌာန်အမျိုးမျိုးဖြင့်ရှိနေတတ်ကြသည်။ ဘိန်းနှင့်ဆေးခြောက်ကဲ့သို့သော မူးယစ်ဆေးဝါးများအပြင် ယာဘ ကဲ့သို့သော ဓာတုဗေဒအခြေခံစိတ်ြ<ွကရူးသွပ်ဆေးပြားများမှာလည်း ကျောင်းသားအရွယ်လူငယ်များရှိရာသို့ နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက် လျက်ရှိသည်။

ဇွန် ၂၆ ရက်က ကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား များအတွင်း ရန်ကုန်၊ မ္တလေးနှင့်တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၆၇ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၅၆ သန်း) ကျော်ဖိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ အမှုမပြီးပြတ်သေးသည့် မူးယစ်ဆေးဝါးများမပါဝင်သေးပေ။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်အစိုးရများက ဆောင်ရွက်ခဲ့သော် လည်း လုံးဝပပျောက်သွားသည်အထိ ထိရောက်သော အောင်မြင်မှုကို ယခုတိုင်မရရှိသေး။

''နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် မူးယစ်ဆေးဝါးပြဿနာကို သိသာထင်ရှားစွာ လျော့နည်းကျဆင်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း'' ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံတွင် မူးယစ်ဆေးဝါးအဓိကထုတ်လုပ်ရာနေရာများမှာ နိုင်ငံ၏အရှေ့ မြောက်ဘက်ဒေသများတွင် အများစုတည်ရှိပြီး လက်နက်ကိုင်အဖွဲ့များ အခြေပြု လှုပ်ရှားရာဒေသများဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယင်း ဒေသများမှ ထုတ်လုပ်လိုက်သည့် ဘိန်းနှင့်စိတ်ကြွရူးသွပ်ဆေးပြားများအပါအဝင် မူးယစ်ဆေးဝါးများမှာ ပြည်တွင်းကိုဖြတ်၍ ရန်ကုန်နှင့်အခြား ပင်လယ်ရေကြောင်း ထွက်ပေါက်များဆီသို့ သယ်ဆောင်ကြသည်။ နိုင်ငံ၏ပြောင်းလဲလာသော မူဝါဒနှင့်အညီ ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူ လျင်မြန်ရေးအတွက် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းဖြေလျှော့ပေးခဲ့ရာ မူးယစ်ဆေးဝါးသယ်ယူသူများအဖို့လည်း အခွင့်ကောင်း တစ်ရပ်ဖြစ်ခဲ့သည်။


နိုင်ငံအတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးသည် ပြည်တွင်းငြိမ်းချမ်း ရေးနှင့်တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ တရားမဝင်ဘိန်းစိုက်ပျိုးမှု လျှော့ချ ရေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ဆောင်ရွက်ပေးရန်လိုအပ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ ရောင်း ဝယ်မှုတို့ကို တားဆီးရန်မှာမူ သက်ဆိုင်ရာဒေသများ၊ ဌာနများချိတ်ဆက် ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိထိ ရောက်ရောက် ဆောင်ရွက်သွားရမည်ဟု ရှုမြင်ပါကြောင်း။ ။





No comments:

Post a Comment