Wednesday, June 1, 2016

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးဆိုင်ရာများတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆွေးနွေး

The Mirror Daily's photo.
နေပြည်တော် မေ ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်၏ ဒီမိုကရေစီမိတ်ဖက်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ပီတာရော့စ်ကမ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးဆိုင်ရာများတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment