
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက လူသားတွေ ကမ္ဘာမြေပေါ်မှာ စတင် ထွက်ပေါ်လာကတည်းကတည်ရှိနေခဲ့တဲ့ သန္ဓေပြောင်းMutant တို့၏ ဆရာ သခင်ဖြစ်သူ Apocalypse သည် တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့ သည်။
ပြန်လည်နိုးထလာချိန်မှာတော့ သူမူလမျှော်လင့်ထားတဲ့Mutant တွေ ကြီးစိုးတဲ့အနေအထားမဟုတ်တော့တာကြောင့် သူ့လိုပဲ စိတ်ပျက်ကြေကွဲနေတဲ့Mutant တစ်ဦးဖြစ်သူMagneto အပါအဝင် အခြား Mutant တွေကို စည်းရုံးစုစည်းပြီး လူသားတွေကို ကမ္ဘာကြီးပေါ်က ဖယ်ရှားကာMutant တွေ ကြီးစိုးတဲ့ ကမ္ဘာကြီးအဖြစ် ပြန်လည်ဖန်တီးဖို့ ကြံစည်ပါတယ်။ အဲဒါကြောင့်Mutan လူစွမ်းကောင်းမလေးRAvan သည် သိပ္ပံပညာရှင် ဆရာကြီးProfessor X ရဲ့ အကူအညီနဲ့ ငယ်ရွယ်တဲ့Mutant လူစွမ်းကောင်းတွေဖြစ်တဲ့X-Men တွေကို ဦးဆောင်ပြီး Apocalypse နှင့် ၄င်း၏Mutant အပေါင်း အပါတို့၏ လူသားတွေကို ကမ္ဘာကြီးပေါ်က ဖယ်ရှားမယ့် အကြံအစည်ကို အချိန်မီတားဆီးကယ်တင်ပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ သိပ္ပံအက်ရှင် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
မျိုးစန္ဒာမောင်ရေးသားသည်
No comments:
Post a Comment