Saturday, May 28, 2016

ကိန်းဂဏန်းအချက်အလက်များကို ထည့်သွင်းအသုံးပြုရသည့်Data Journalism အသုံးပြုခြင်းသည် သတင်းပုံရိပ်ကို ပိုမိုထင်ဟပ်လာစေနိုင်


The Mirror Daily's photo.
သတင်း-ရဲခေါက်ညွန့်၊ မြတ်သန္တာမောင်
ဓာတ်ပုံ-ဖိုးထောင်
ရန်ကုန် မေ ၂၇
သတင်းအချက်အလက်များဖြန့်ဖြူးရာတွင် ကိန်းဂဏန်း အချက်အလက်များကို ထည့်သွင်းအသုံးပြုရသည့် သတင်း စာပညာ (Data Journalism ) ကဏ္ဍအားကောင်းလာစေရန် အတွက်"Seminar on Data Journalism:Sharing the Wealth of Census Data" ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ မေ ၂၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)နှင့် မြန်မာ သတင်းပညာသိပ္ပံ (MJI) တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ ပထမပိုင်းတွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က ကိန်းဂဏန်းအချက်အလက်များကို ထည့်သွင်းအသုံးပြုရသည့် Data Journalism အကြောင်းပြောရာတွင် ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအား အသုံးပြု၍ အချက်အလက်များပါဝင်သည့် သတင်းများရေးသားနိုင်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ''Data Journalism ဟာ နိုင်ငံတကာမှာတော့ အရေးပါတယ်။ ၂ဝ၁၄ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူ ထားတဲ့ သန်းခေါင်စာရင်းမှာ သတင်းအချက်အလက်တွေ အများကြီးပါတယ်။ ဥပမာ… လူတွေရဲ့နေထိုင်မှု၊ လူဦးရေ စတာတွေပါ။ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေ ကို ဆန်းစစ်လေ့လာတဲ့အခါမှာလည်း ဘယ်အရာကိုစပြီး သုတေသနစလုပ်ဖို့ လိုတယ်ဆိုတာကို ဒီအချက်အလက် တွေကနေ တစ်ဆင့်သိနိုင်တယ်။ သန်းခေါင်စာရင်းအချက် အလက်တွေက မိခင်နဲ့ကလေးကျန်းမာရေး၊ လူနေမှုအဆင့် အတန်း၊ အလုပ်သမားနဲ့ အလုပ်လုပ်နိုင်တဲ့လူဦးရေ လုပ်သားအင်အားနဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ ဘယ်လို အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေရတယ်ဆိုတဲ့ သတင်း အချက်အလက်တွေကို ရေးထားတယ်။ ဒါဟာ ဘယ်လို မူဘောင်တွေ ရေးဆွဲရမလဲဆိုတာကို စဉ်းစားရာမှာ အထောက်အကူပြုတယ်။ သန်းခေါင်စာရင်းက ယုံကြည် လက်ခံနိုင်လောက်တယ်'' ဟု ပြောသည်။
မြန်မာသတင်းပညာသိပ္ပံ (MJI)နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့သည် မေ ၉ ရက်မှ ၂၇ ရက်အထိ Data Journalism ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့တွင် သုံးပတ်ကြာပြုလုပ် ခဲ့ပြီးဖြစ်သည်။ အဆိုပါ သင်တန်းတွင် ကမ္ဘာတစ်ဝန်း အထူး သဖြင့် အာဖရိကတွင် သင်တန်းပို့ချခဲ့သည့် အတွေ့အကြုံရှိ သူD3-Media ၏ အတိုင်ပင်ခံနှင့် သင်တန်းနည်းပြ ဖြစ်သူ Mr. Peter Verweijက ပို့ချခဲ့သည်။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲ၌Data Journalism ဆရာဖြစ်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား အချို့က ရန်ကုန်မြို့၏ အားနည်းချက်များဖြစ်သည့် အိမ်ရာပြဿနာ၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ရေဖြန့်ဝေ ရေးစနစ်တို့နှင့် သက်ဆိုင်သည့် သတင်းဆောင်းပါးများအား ကိန်းဂဏန်းအချက်အလက်များနှင့် ရေးသားခဲ့သည်ကို ရှင်းလင်းသည်။ အဆိုပါဆောင်းပါးများ၏ ကိန်းဂဏန်း အချက်အလက်အများစုသည် ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပါ ကိန်းဂဏန်းအချက်အလက်များကို အခြေခံပြီး ရေးသား ခဲ့ခြင်းဖြစ်ကြောင်း Data Journalism ဆရာဖြစ် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများထံမှ သိရ သည်။
မီဒီယာသမားများသည် သတင်းအချက်အလက်များ ကို သုံးစွဲခြင်းကြောင့် ပြည်သူများအတွက် အမှန်တရား ကို ဖော်ထုတ်ရန် အထောက်အကူပြုနိုင်ပြီး ပြဿနာတစ်ခု ၏ အကြောင်းရင်းခံများကို ဖြေရှင်းပြောင်းလဲပေးနိုင်သည်။ မီဒီယာသမားများအနေဖြင့် ရေးသားသည့် သတင်းများ သည် Data Journalism ကို အသုံးပြုရေးသားခြင်းဖြင့် အချက်အလက်များက သတင်းအပေါ်ထောက်ပံ့ပေးထား မှုကြောင့် သတင်းပုံရိပ်ကို ပိုမိုထင်ဟပ်လာစေမည်ဖြစ်သည် ဟု ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
မြန်မာနိုင်ငံတွင်Data Journalism ၏ လက်ရှိ အခြေအနေနှင့် စပ်လျဉ်းပြီး Mr. Peter Verweij အား မြန်မာ့သတင်းစဉ်မှ မေးမြန်းခဲ့သည်။
မေး။ ။ မြန်မာနိုင်ငံမှာ ကိန်းဂဏန်းအချက်အလက် သုံးပြီးရေးတဲ့ပုံစံက နည်းနေသေးတယ်။ ဒီတောီ့အေေဲသကမညေူငျာ နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ သင်ကြားခဲ့ ပါသလဲ။
ဖြေ။ ။ UNFPA ကတော့ အချက်အလက်တွေအနေနဲ့ သန်းခေါင်စာရင်းကို အချက်အလက်အဖြစ် စုစည်းပေး တယ်။ မီဒီယာကိုပေးတယ်။ ဒီလောက်နဲ့ မရပါဘူး။ ရရှိထားတဲ့အချက်အလက်တွေကို သုတေသနပြန်လုပ်ပြီးJournalism မှာ ဘယ်လိုမျိုးပြန်သုံးရမလဲဆိုတာ ရှာဖွေ ရမယ်။ Journalism မှာ အသစ်ဖွံ့ဖြိုးလာနေတာကတော့Data Journalism ပဲဖြစ်ပါတယ်။ မြန်မာပြည်မှာData Journalism က စိန်ခေါ်မှုအသစ်ဖြစ်နေတယ်။ မနေ့ကပြီးဆုံးခဲ့တဲ့သင်တန်းမှာ သန်းခေါင်စာရင်းက အချက်အလက်တွေကို ဘယ်လိုနားလည်အောင် ဖတ်ရ မလဲဆိုတာကို သင်ကြားခဲ့တယ်။ Bar နဲ့Infographic တွေကို Data တွေသုံးပြီး ဘယ်လိုအသုံးပြုရလဲ သင်ကြားတယ်။ သန်းခေါင်စာရင်း Data ကိုResearch လုပ်တယ်။ ဒီအပေါ်မှာ သတင်းပြန်ရေးရတယ်။ ဂဏန်း သချာင်္ကို သုံးရတယ်။ ဂျာနယ်လစ်တွေဟာ ကိန်းဂဏန်းတွေ နဲ့ အလုပ်လုပ်ရတာ မနှစ်သက်ဘူး။Excel က ဘယ်လို သုံးရမလဲ သူတို့သေချာမသိကြပေမယ့် သူတို့အလုပ်လုပ် သွားတာကတော့ အထင်ကြီးစရာ ကောင်းပါတယ်။ ရန်ကုန်မှာ ရေဖြန့်ဝေမှု၊ အလုပ်လက်မဲ့ပြဿနာနဲ့ အိမ်ရာ ပိုင်ဆိုင်မှုကို ဖော်ပြသွားမယ်။ နောက်ကွယ်မှာရှိနေတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ခဲ့ကြတယ်။
မေး။ ။ ဘာကြောင့်Data Journalism ကမ္ဘာမှာ ပိုမိုအသုံးပြုလာကြပါသလဲ။
ဖြေ။ ။ မီဒီယာဟာ သတင်းတွေကိုနောက်ကွယ်ကနေ ဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှ ရေးသားရပါတယ်။ အမေရိကန် မှာ သတင်းစာဖတ်သူဦးရေ ကျဆင်းနေပါတယ်။ လူငယ် တွေဟာ သတင်းစာကို မဖတ်တော့သလောက်ပါပဲ။ နယ်သာလန်မှာဆိုရင် နှစ်နှစ်အတွင်းမှာ စာဖတ်သူ လျော့ကျကုန်တာ အံ့မခန်းပါ။ သတင်းစာစောင်ရေတွေ ကျလာတယ်။ သတင်းထောက်တွေ အလုပ်ပြုတ်လာတယ်။ မိုဘိုင်းနဲ့အင်တာနက်မှာ သတင်းအချက်အလက်တွေကို အခမဲ့ရလာတယ်။ မီဒီယာတိုက်တွေ ပိတ်လာရတော့မယ်။ ဒါဆို ဘာဆက်လုပ်ကြမလဲ။ မီဒီယာက အကျဘက်ကို ဦးတည်လာနေတယ်။ သတင်းစာပညာဟာ သေဆုံးသွား တော့မလား။ မီဒီယာလုပ်ငန်းဟာအကျပ်အတည်းနဲ့ ရင်ဆိုင်လာနေရပြီ။EU နဲ့ US မှာတော့ နောက်ခံအကြောင်း အရာနဲ့ အချက်အလက်တွေကို သုံးသပ်ဆန်းစစ်ပြီး သတင်းတင်ဆက်နေတဲ့ ပုံစံအသစ်ကို တီထွင်လာကြတယ်။ နောက်ကွယ်က အချက်အလက်တွေကို ဖော်ထုတ်ကြတယ်။ ဒီဆက်စပ်မှုတွေက ဘာတွေကိုဖော်ပြနေသလဲ။ ဒီသတင်းကို ရေးသားပြီးတဲ့အခါမှာလည်း အွန်လိုင်းက နေဖတ်နိုင်အောင် ကြိုးစားရတယ်။
မြန်မာကတော့ သတင်းစာလုပ်ငန်းဟာ တခြား ကမ္ဘာနဲ့ဆန့်ကျင်နေတယ်။ အခြေအနေကောင်းနေသေး တယ်။ အနောက်မှာ သတင်းစာဖတ်တဲ့အရေအတွက်တွေ ကျနေတယ်။ မြန်မာမှာက သတင်းစာနဲ့ဂျာနယ်ကို ခုထိ ဖတ်နေကြသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အရေအတွက် ကျလာနိုင်တယ်။ သတင်းစာရဲ့ နောက်ဆုံး စာမျက်နှာမှာကြော်ငြာတွေ တွေ့နေရသေးတယ်။ ဒီတော့ သတင်းစာဟာ ကြော်ငြာတွေအတွက် အသုံးဝင်နေသေး တယ်ဆိုတာကို ပြနေတယ်။ အနောက်မှာက ဒီလို ကြော်ငြာတွေ မရတော့ဘူး။ အွန်လိုင်းမှာ ရှာလို့ရနေသေး တယ်။ ICT Developmentဟာ သတင်းစာပညာနဲ့ ဒီမိုကရေစီဖွံ့ဖြိုးမှုကိုပါ သက်ရောက်မှုတွေ ပေးနေတယ်။ သမားရိုးကျသတင်းစာပညာနဲ့ကိုပဲ မြန်မာနိုင်ငံမှာ အသား ကျ အသုံးပြုနေတာ တွေ့ရတယ်။ ဒါဟာ မြန်မာနဲ့ နိုင်ငံတကာရဲ့ ကွာဟမှုပဲ။ အချက်အလက်တွေသုံးပြီး ပြည်သူတွေကို ပြန်ချပြဖို့ လိုအပ်နေတယ်။ သတင်းမီဒီယာ ရဲ့တာဝန်ဟာ ဒီကွာဟနေတဲ့ အခြေအနေကို ဖြည့်ဆည်း ပေးဖို့ဖြစ်ပါတယ်။ ဒါဟာ သတင်းပညာဖွံ့ဖြိုးတိုးတက် မှုကိုလည်း ဖြစ်လာစေမယ်။
မေး။ ။ UNFPA နဲ့အတူ မြန်မာနိုင်ငံမှာ Data Journalism သင်တန်း လာရောက်သင်ကြားဖြစ်ပုံလေး သိချင်ပါတယ်။
ဖြေ။ ။လွန်ခဲ့တဲ့ နှစ်လက မြန်မာမှာ သင်တန်းပေးဖို့ ဖိတ်ခေါ်ခံရတယ်။ များသောအားဖြင့် ကျွန်တော်က ရေဒီယိုနဲ့အဖွဲ့အစည်းတွေမှာ သင်ကြားပေးရလေ့ရှိတယ်။ ဒါဟာ UNအတွက် ကျွန်တော် ပထမဆုံးပေးတဲ့ သင်တန်း ပါ။ ဒါကြောင့် ရှိသမျှအစီအစဉ်တွေကို ဖျက်ပြီး ဒီကို လာခဲ့တာပါ။ UNFPA က မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်း နဲ့ အိမ်အကြောင်းအရာ အချက်အလက်တွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်လို့ ဒီကိုလာဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။
(ကျေးဇူးတင်ပါတယ်။)

No comments:

Post a Comment