Sunday, May 29, 2016

နှစ်နိုင်ငံရေကြောင်းပိုင်နက် နယ်နိမိတ်မျဉ်းအား ဖြတ်ကျော်ခြင်းမပြုရန် မြောက်ကိုရီးယားက တောင်ကိုရီးယားကို သတိပေး


The Mirror Daily's photo.
ပြုံယမ်း မေ ၂၈
တောင်ကိုရီးယား စစ်ဘက်အနေဖြင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံအကြားသတ်မှတ်ထားသော ရေကြောင်း ပိုင်နယ် နယ်နိမိတ်အား ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီပီအာရ်ကေ) က မေ ၂၈ ရက်တွင် သတိပေးပြောကြားလိုက်ပြီး ရေကြောင်းနယ်နိမိတ်အား ကျူးကျော်ဝင်ရောက်ပါက မြောက်ကိုရီးယားတပ်မတော်၏ တိုက်ခိုက်ပစ်ခတ်မှုများ နှင့် ကြုံတွေ့ရမည်ဟု ပြောကြားသည်။
မြောက်ကိုရီးယားပြည်သူ့တပ်မတော် စစ်ဦးစီးချုပ် က ၄င်းသတိပေးထုတ်ပြန်ချက်ကို တောင်ကိုရီးယား အာဏာပိုင်များထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
မေ ၂၇ ရက် နံနက်ပိုင်းတွင် မြောက်ကိုရီးယား နိုင်ငံပိုင် ရေပြင်ပိုင်နက်အတွင်းသို့ တောင်ကိုရီးယား ရေတပ်မှ ရေယာဉ်အချို့အား စေလွှတ်ကာ လက်နက် တပ်ဆင်ထားခြင်းမရှိသည့် မြောက်ကိုရီးယား ကူးတို့ ရေယာဉ်အား ဒုံးကျည်များ၊ အမြောက်များဖြင့် ပစ်ခတ်ခဲ့ ကြောင်း မြောက်ကိုရီးယားအစိုးရ ကေစီအင်န်အေသတင်း တွင် ဖော်ပြသည်။
တောင်ကိုရီးယား၏ အဆင်ခြင်မဲ့စွာ စစ်ရေးအရ ရန်စလှုံ့ဆော် ကြံစည်မှုသည် တင်းမာမှုမြင့်မားနေသည့် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း၌ တောင်နှင့်မြောက် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အတိတ်နိမိတ်မကောင်းသည့် ရှုပ်ထွေးမှုများဖြစ်ပေါ်သည့် စီစဉ်ကျူးလွန်မှုအဖြစ် အထင် အရှားတွေ့မြင်နိုင်ကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်းရေကြောင်း ပိုင်နက်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပါက မည်သည့် တောင်ကိုရီးယား စစ်ရေယာဉ်ကိုမဆို မြောက် ကိုရီးယားတပ်ဖွဲ့များက ဦးစွာသတိပေးခြင်းမပြုဘဲ ပစ်ခတ် သွားမည်ဟု မြောက်ကိုရီးယား စစ်ဦးစီးချုပ်က သတိပေး ပြောကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment