Sunday, May 29, 2016

လစာဝင်ငွေခွန် ယခင်က ကျပ်သိန်း ၂ဝ ကျော်လျှင်ပေးသွင်းရပြီး ယခု ကျပ် ၄ သိန်းကျော်မှ ပေးသွင်းရမည်


The Mirror Daily's photo.
မကွေး မေ ၂၈
မကွေးမြို့တွင် အထူးကုန်စည်ဥပဒေ နှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာများ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက် ၁ဝ နာရီက မကွေး မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန တွင် ပြုလုပ်သည်။
အဆိုပါ ပညာပေးရှင်းလင်းပွဲတွင် မကွေးမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးသက်ဦးနှင့် တာဝန်ရှိသူများက အထူးကုန်စည်ဥပဒေနှင့် ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာများကို ပညာပေး ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသူများက ဥပဒေပါ ဆောင်ရွက်ရမည့်ကိစ္စများ၊ သိရှိလို သည့် အချက်များ၊ အခွန်ဦးစီးဌာန အနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကိုမေးမြန်းရာ မကွေးမြို့ နယ် အခွန်ဦးစီးဌာနက တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့သည်။
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လစာ ဝင်ငွေခွန်ကို ယခင်က ကျပ်သိန်း ၂ဝ ကျော်လျှင် ပေးသွင်းရပြီး ယခု ၂ဝ၁၆ ခုနှစ် အခွန်ကောက်ဥပဒေတွင် ကျပ် ၄၈ သိန်းကျော်မှ ပေးသွင်းရမည်ဖြစ်ပြီး ကုန်သွယ်ခွန်မကျသင့်သည့် ကုန်စည် ၈၆ မျိုးနှင့် ဝန်ဆောင်မှု ၂၉ မျိုး ပါရှိကြောင်း သိရသည်။
ခင်မာလာ(မကွေး)

No comments:

Post a Comment