
ရန်ကုန် မေ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်သူ့အတွက် ပထမရက် ၁ဝဝ တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်း ပွဲကို မေ ၂၈ ရက်နှင့် ၂၉ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးဝင်းအတွင်း၌ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဟု သိရသည်။
ပြပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း များနှင့် သွင်းကုန်အစားထိုးစက်ပစ္စည်းကိရိယာများ၊ ထုပ်ပိုးမှုဆိုင်ရာ စက် ပစ္စည်းများ၊ စက်မှုလက်မှုသမဝါယမအသင်းများ၏ ထုပ်ကုန်များ၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနေသော ထုတ်ကုန်များ၊ ကျေးလက်ဒေသဖွံဖြိုးရေး အထောက်အကူပြုပစ္စည်းများကို ရောင်းချပေးသွားမည့်အပြင် ကုန်ထုတ်လုပ် ဆိုင်ရာ နည်းပညာပေးပြခန်းများကိုလည်း ထားရှိသွားမည်ဖြစ်သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဌာနတွင် မှတ်ပုံတင်ထား သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဌာနမှ ဖွင့်လှစ်ပေးခဲ့သည့် အသက်မွေးဝမ်းကျောင်းနည်းပညာတက်ရောက်၍ လုပ်ငန်းထူထောင်လုပ်ကိုင် နေသော လုပ်ငန်းရှင်များနှင့် စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပဈေးကွက်ရရှိရေး၊ လုပ်ငန်းအချင်းချင်းချိတ်ဆက်ပေါင်းစည်း၍ နည်းပညာကျွမ်းကျင်မှုများ တိုးမြင့်လာစေရေးနှင့် လုပ်ငန်းသစ်များနှင့် ထုတ်ကုန်အမယ်သစ်များ ပေါ်ထွက်လာစေရေး၊ အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများကို ပြည်သူများပိုမိုသိရှိလာရေး၊ စံချိန်စံညွှန်း ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ယင်းပြပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။
သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-မီချီကိုဟန်
No comments:
Post a Comment