Friday, May 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


The Mirror Daily's photo.
နေပြည်တော် မေ ၂၆
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ လက်နက် မှောင်ခိုမှုများပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စရပ်များ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်က လိပ်ကျွန်းဖြစ်စဉ်တွင် ပါဝင်သော မြန်မာ နိုင်ငံသားနှစ်ဦးနှင့်စပ်လျဉ်း၍ တတိယနိုင်ငံ ပါဝင်နေသဖြင့် အခြေအနေ မှန်အား လေ့လာသုံးသပ်ဆောင်ရွက်စေလျက်ရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ General Prem Tinsulanonda နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် တွေ့ဆုံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မေ ၂၅ ရက် ညနေ ပိုင်းတွင် ဗန်ကောက်မြို့ရှိThai Bev Group Industry (Oishi Group) ကုန်ထုတ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
Oishi Group ကုန်ထုတ်လုပ်ငန်းသည်Thai Beverage Group ၏ လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည်ထုတ်ကုန် လုပ်ငန်းကိုတိုးချဲ့ရန် အဓိက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက်ကုန်ကြမ်းဖြင့်Green Tea အဆင့်မြင့်ဖျော်ရည်အမျိုးမျိုးကို ထုတ်လုပ်နေသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး စက်ရုံများမှ လစဉ် ဖျော်ရည်ဘူးမျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ်ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
(မြဝတီ)

No comments:

Post a Comment