Sunday, May 29, 2016

ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များနှင့်ပတ်သက်ပြီး သတင်းမီဒီယာက လေ့လာစောင့်ကြည့်ဝေဖန်နိုင်ရေးဆွေးနွေး



 




ရန်ကုန်   မေ  ၂၈

၂ဝ၁၅ ရွေးကောက်ပွဲအပြီး ကတိကဝတ်များနှင့် အုပ်ချုပ်ရေး၊ မီဒီယာအခန်းကဏ္ဍများနှင့်ပတ်သက်၍ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) နှင့် Asian Network for Free
Elections (ANFREL) တို့ပူးပေါင်းပြီး မြန်မာအယ်ဒီတာဖိုရမ် (ဒုတိယအကြိမ်)ကို  ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ Park
Royal ဟိုတယ်၌ ကျင်းပသည်။


အဆိုပါဖိုရမ်သို့  အနယ်နယ်အရပ်ရပ်ရှိ   အကြီးတန်း သတင်းစာဆရာများအားဖိတ်ခေါ်ပြီး အခက်အခဲများ၊ စိန်ခေါ်မှု များနှင့်  ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊     အရေးတကြီး လုပ် ဆောင်ကြမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း    မြန်မာ ဂျာနယ်လစ်ကွန်ရက် (MJN)  မှ အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောကြားသည်။

ANFRELမှ အကြံပေးဖြစ်သူ Mr. Bidhakyak Dasက “''ပထမဖိုရမ်မှာ ရွေးကောက်ပွဲရဲ့အခွင့်အလမ်းနဲ့ စိန်ခေါ်မှု တွေကို အဓိကထားဆွေးနွေးခဲ့တယ်။ အခု   တစ်ကြိမ်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ       ကတိကဝတ်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေကိုဆွေးနွေးမယ်။ ရွေးကောက်ပွဲကတိကဝတ် တွေအတိုင်း    အမှန်တကယ်လုပ်ဆောင်ချက်ဖြစ်ရဲ့လား။ သတင်းမီဒီယာအတွက် အရေးကြီးဆုံးက လေ့လာစောင့်ကြည့် ဖို့ပဲ။ ‘ဒါကြောင့် မီဒီယာဟာ တည်ဆောက်သူအခန်းကဏ္ဍကနေ ပါဝင်ရမယ်။ အယ်ဒီတာဆိုတာ ကိုယ့်ရဲ့မီဒီယာတွေကို ဦးတည်ချက်တွေချမှတ်ပေးတာပဲ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေး ကြမယ့် ရွေးကောက်ပွဲကတိကဝတ်တွေနဲ့ပတ်သက်တာတွေက ပေါ်လစီချမှတ်မဲ့ အုပ်ချုပ်သူတွေကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု  ယနေ့ပြုလုပ်သည့် ဖိုရမ်နှင့်ပတ်သက်ပြီး သုံးသပ်သည်။
ဖိုရမ်တွင် ရွေးကောက်ပွဲအပြီး ကတိကဝတ်များနှင့် အုပ်ချုပ် ရေး၊ မီဒီယာအခန်းကဏ္ဍများခေါင်းစဉ်ကို Myanmar
Knowledge Society မှ ဦးညွန့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာသုတေသီ ဦးနေလင်းအောင်နှင့် မြန်မာသတင်းပညာသိပ္ပံ (MJI)  မှ သင်တန်းဆရာ ဦးဇော်ထိုက် တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အဖွဲ့လိုက်ဆွေးနွေးခြင်း အဆိုပါ အစီအစဉ်သို့ ပါဝင်တက်ရောက်သူများက အဖွဲ့လေးဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့်  မြန်မာအယ်ဒီတာဖိုရမ်  (ဒုတိယ အကြိမ်) သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်လည်း တက်ရောက်ခဲ့သည်။
ရွေးကောက်ပွဲအပြီး ကတိကဝတ်များ အကောင်ထည်ဖော် မှုနှင့် အုပ်ချုပ်ရေး၊ မီဒီယာအခန်းကဏ္ဍများအပေါ် အဆိုပါဖိုရမ် သို့ တက်ရောက်လာကြသူများ၏   သဘောထားအမြင်များကို မြန်မာ့သတင်းစဉ်မှ ထုတ်နုတ်ဖော်ပြပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
ဒီလို မီဒီယာနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေကို ခမ်းနားစွာ ကျင်းပနိုင်တဲ့အခြေအနေရောက်လာတာကို မုဒိတာဖြစ်မိ ပါတယ်။ ‘ဒီဖိုရမ်ဟာ စတုတ္ထမဏ္ဍိုင်ရဲ့ အလုပ်ကို လုပ်တာပဲ။ စတုတ္ထမဏ္ဍိုင်ဟာ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိန်းညှိတဲ့ အလုပ်ကို လုပ်တာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အလုပ်ကို ဘယ်လို စောင့်ကြည့်ရေးသားသုံးသပ်ကြ မလဲ။ အစိုးရရဲ့ ကတိကဝတ်တွေ ရှိတယ်။  ဒါတွေကို ဘယ်လိုရေးသားဖော်ထုတ်ကြမလဲ။ အစိုးရ သစ်အနေနဲ့ ရွေးကောက်ပွဲကြေညာစာတမ်းလို ကတိကဝတ် တွေရှိတယ်။ အဲ့ဒီကတိကဝတ်တွေကို ပြန်ကြည့်ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊     ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အများပြည်သူလူထုဘဝမြှင့်တင်ရေး စတာ တွေကို အစိုးရ ဖြစ်လာမယ့်အဖွဲ့အစည်းက ပေးခဲ့တယ်။

တရားဥပဒေစိုးမိုးရေးရရှိအောင်လုပ်ဆောင်ဖို့ ကတိပေး ခဲ့တာတွေလည်း ရှိပါတယ်။ အခု အစိုးရသစ်တက်လာတာ နှစ်လ နီးပါးဖြစ်လာပြီ။ အစိုးရသစ်က  သူ့ရဲ့ကတိကဝတ်တွေကို အကောင်ထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုလှုံ့ဆော်တဲ့အနေနဲ့  ရက် ၁ဝဝ အစီအစဉ်တွေ လုပ်ပါတယ်။ ပထမ   ရက် ၁ဝဝ အတွင်း ဘာတွေလုပ်မယ်ဆိုတာကို   ကိုယ့်ကိုယ်အရှိန်တင်ပါတယ်။ ဒါဟာ    ကတိကဝတ် နောက်တစ်ဆင့် ထပ်ပေးတဲ့သဘောပါပဲ။ ဒါကို   စောင့်ကြည့်ပြီး သုံးသပ်ဝေဖန်ဖို့ ရှိပါတယ်။ ၁ဝ၁ ရက်မှာ ဘယ်လိုအနေအထားရှိသလဲဆိုတာကို သုံးသပ်ပြောဆိုဖို့တွေ ရှိပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနအသီးသီးမှာ ပြောရေးဆိုခွင့်ရှိသူတွေကို ရွေးချယ်တာဝန်ပေးအပ်ထားတာ  ရှိပါတယ်။  ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက်လည်း အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ မီဒီယာထဲက ပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပြောရေးဆိုခွင့်ရှိသူတွေနဲ့  ဆွေးနွေးပွဲလုပ်ခဲ့တယ်။ ဒီလထဲမှာ ရက်တိုသင်တန်းနှစ်ခုလောက်လုပ်ဖို့ စီစဉ်နေတယ်။ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့နဲ့ ပြောရေးဆိုခွင့်ရှိသူများ ဘယ်လောက်ဖြေကြားနိုင်သလဲဆိုတာ ကိုလည်း စတုတ္ထမဏ္ဍိုင်က သုံးသပ်ဝေဖန်နိုင်ပါတယ်။

ဦးသီဟစော (မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ)
ဒါက ဒုတိယအကြိမ်လုပ်တာဖြစ်ပေမယ့်  အရင်ထက် ထူးခြားတယ်လို့ ထင်ပါတယ်။ NLDအစိုးရရဲ့ ကတိကဝတ်တွေကို ဆွေးနွေးကြမယ်။ ‘ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ပထမအကြိမ် အယ်ဒီတာဖိုရမ်လုပ်ခဲ့ပါတယ်။ အရှေ့တောင် အာရှရဲ့     ရွေးကောက်ပွဲကို    စောင့်ကြည့်လေ့လာတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတာပါ။ ရွေးကောက်ပွဲဟာ လည်း အတော်လေးထူးခြားပါတယ်။ လုပ်ရကိုင်ရတဲ့အခြေအနေ ကလည်း ထူးခြားခဲ့ပါတယ်။ ၂ဝ၁၅ ကတိကဝတ်ဟာ အရင် ရွေးကောက်ပွဲတွေ၊ နိုင်ငံတကာက  ရွေးကောက်ပွဲကတိကဝတ် တွေနဲ့မတူခဲ့ပါဘူး။  အပြောင်းအလဲဆိုတဲ့ြေ<ွကးကြော်သံနဲ့ပေးခဲ့တဲ့ ကတိကဝတ်ပါ။ ပြောင်းလဲမယ်ဆိုတဲ့စကားလုံးနဲ့ ကတိပြုခဲ့ကြ တာပါ။ ၂ဝ၁၅ NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းဟာ လည်း အလွန်ကို ယေဘုယျဆန်ခဲ့တယ်။
တကယ်လက်တွေ့ အကောင်ထည်ဖော်ရာမှာ ဘယ်လိုသွား မလဲဆိုတာကို စောင့်ကြည့်ရမယ်။ ဒီအစိုးရက ချော်လဲတိုင်း ဝိုင်းအော်ပေးမလား၊ ရေးမလား၊ အားလုံးက ငါတို့ အပြောင်း အလဲတစ်ခုကို သွားနေပါလားဆိုတဲ့ တွေးခေါ်ချက်နဲ့ သွားပါ။ အရင်ကဆိုရင် ပြန်ကြားရေးဆိုတာ ကျွန်တော်တို့နဲ့ ထိပ်တိုက် လုပ်ခဲ့ရတာ။ အခုဆိုရင် ပခုံးဖက်လုပ်ဆောင်တဲ့အခြေအနေ ဖြစ်လာပြီ။ အခုဖိုရမ်မှာဆိုရင် အစိုးရဘက်က တိုင်းဒေသကြီး ဝန်ကြီးတွေပါလာပြီ။ သတင်းသမားတွေမှာ အဖွဲ့အစည်းတွေ အများကြီးရှိနေတာကို ပြောကြတယ်။ ‘ဒါပေမယ့် သတင်း မီဒီယာဆိုင်ရာအဖွဲ့ အစည်းတွေ အများကြီး ရှိစေချင်ပါတယ်။ ခြားနားတဲ့အခြေအနေတွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေ ရှိတာ ကောင်းတယ်။ ညီညွတ်စွာ လုပ်ကြရင် တိုင်းပြည်နဲ့ ‘ဒီနေ့ ဖိုရမ်ရဲ့ရည်ရွယ်ချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
ဦးဇော်သက်ထွေး (မြန်မာသတင်းစာဆရာသမဂ္ဂ)
(၅၈) ရက်သား အစိုးရသစ်ရဲ့ကတိတွေကိုစောင့်ကြည့်ဖို့ အချိန်မလုံလောက် သေးဘူး။ ကောင်းမွန်တဲ့ပတ်ဝန်းကျင်အခြေ အနေတွေကို တွေ့မြင်နေရပါပြီ။ ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့တဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ရက်က တက်ခဲ့ပါ တယ်။ အရင်က မီဒီယာသမားတွေက အခွင့်အရေးကိုတောင်းဆိုပြီး ပြန်ကြားရေးက ကန့်ကွက်ခဲ့တဲ့အခြေအနေနဲ့ သွားခဲ့တယ်။

ပြီးခဲ့တဲ့ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့Broadcast Media
Conference ရဲ့ ရည်ရွယ်ချက်က မီဒီယာကုမ္ပဏီကြီးတွေက ဦးထားတဲ့အခြေအနေကနေ နောက်ထပ်ဝင်လာမယ့်သူတွေကို ဘယ်လိုဆောင်ရွက် ပေးမလဲဆိုတာကို ဆွေးနွေးကြတာပါ။ ဒီအခါမှာ ပြန်ကြားရေးဝန်ကြီးက  ဒိုင်ဖြစ်ပြီး လက်ရှိ လုပ်ကိုင် နေတဲ့ ရုပ်သံမီဒီယာတွေနဲ့ နောင်ဝင်ရောက်လာမယ့်အသစ်တွေကDebate လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ခဲ့တယ်။ နည်းဥပဒေမပြီးသေးလို့ အချိန်ဆွဲထားမလား ဆွေးနွေးခဲ့တယ်။ အရင်ကြုံတွေ့ခဲ့ဖူးတဲ့ ပြန်ကြားရေးက အကြီးတန်းအရာရှိကြီးတွေဟာ ပြီးခဲ့တဲ့ရက်ကBroadcast Media Conference မှာ နှစ်ဦးနှစ်ဖက် ပြေလည်စေမယ့်အရာတွေကို တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ နေ့တစ်နေ့တည်းကနေ ရလဒ်ထွက်အောင်   ဆွေးနွေးနိုင်ခဲ့ တယ်။ ဒီအခြေအနေကို အစိုးရက သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်တယ်။
သတင်း- ရဲခေါင်ညွန့်၊ မြတ်သန္တာမာင်၊ “ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment