မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
မေ ၂၆ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် ဝင်ရောက်နေထိုင်သူများ၊ မြေကွက်လုသူများကို ထိထိရောက်ရောက် အရေးယူသွားတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်သည်။
လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင် အတွင်း ကျူးကျော်အိမ်ခြေပေါင်း တစ်သိန်းကျော်နှင့် ကျူးကျော်နေထိုင် သူ လူဦးရေ လေးသိန်းကျော်တို့ ရှိနေသည်ဟုလည်း သိရသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာကြသူ များ ပုံစံအမျိုးမျိုးတို့ဖြင့် အခြေချနေထိုင်ကြသည်မှာ ဆယ်စုနှစ်တစ်ခု စာမက ကြာခဲ့ပြီဖြစ်သည်။ နိုင်ငံတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ အလုပ် အကိုင်အခွင့်အလမ်းများ ရှားပါးလာမှုကြောင့် ဘဝရပ်တည်ရေးအတွက် ရှာဖွေစားသောက်ရန် ပိုမိုလွယ်ကူမည်ဟုယူဆကာ ရန်ကုန်သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်။ အထူးသဖြင့် ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားပြီးနောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မူလ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးကာ ပြန်လည်ထူထောင်မှု များလည်း မလုပ်နိုင်တော့ဘဲ ရန်ကုန်သို့ရွှေ့ပြောင်း အခြေချမှုများ များစွာ ရှိခဲ့သည်။
ရန်ကုန်ဆင်ခြေဖုံးဒေသများတွင် ကျူးကျော်နေထိုင်မှုများအနက် ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသူများအပြင် မူလရပ်ရွာဒေသများတွင် ဒုစရိုက်မှုကျူးလွန်ခဲ့ကြသူများပါ ဝင်ရောက် နေထိုင်မှုများရှိခဲ့သည်။ ကျူးကျော်ရပ်ကွက်များဖြစ်သည့်အလျောက် ရပ်ကွက်အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် အားနည်းချက် များရှိနေပြီး ဒုစရိုက်သမားလူမိုက်များက ဗိုလ်ကျစိုးမိုးနေသည့် ရပ်ကွက် များရှိကြောင်း၊ ¤င်းတို့ကပင် ကျူးကျော်များကို ထပ်မံဖန်တီးပြီး စီးပွားရေးဆန်ဆန် လုပ်ဆောင်လျက်ရှိကြောင်း သတင်းများကိုလည်း ကြားသိရသည်။
လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းနာမည်ခံများ၊ နိုင်ငံရေး ပါတီနာမည်ခံများ၊ ဒုစရိုက်သမားလူမိုက်များ စသည်တို့ ရှုပ်ထွေးပါဝင် နေသည့် ကျူးကျော်ပြဿနာကို ဖြေရှင်းမည့် အစီအစဉ်တစ်ရပ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ချပြသွားခဲ့ရာ ¤င်းအစီအစဉ်၌ ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူမှတ်တမ်းတင်ခြင်း၊ ယာယီနေရာထိုင်ခင်းများ ချထားပေးခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ နေထိုင်ရန်အတွက် အခန်းပေးခြင်း စသည်ဖြင့် ကျူးကျော်နေထိုင်သူ များ၏ဘဝကို ပြောင်းလဲမြှင့်တင်ပေးကာ သမိုင်းတွင်အောင် ဆောင်ရွက် ပေးသွားမည်ဟုလည်း ဆိုထားသည်။ အဆိုပါ အစီအစဉ်အတိုင်း အောင်မြင်ခဲ့ပါက နတ်လူသာဓုခေါ်စရာ သမိုင်းဝင်ဆောင်ရွက်ချက် ဖြစ်လာနိုင်ပေသည်။
ရန်ကုန်မြို့ပြ၏ အမြစ်တွယ်နေသော အနာသဖွယ်ဖြစ်နေသည့် ကျူးကျော်ပြဿနာကို ဖြေရှင်းရာတွင် ပါဝင်ကြမည့် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် အဆင့်ဆင့်သော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ကြ ရမည့်တာဝန်များကို မှန်မှန်ကန်ကန်၊ တိတိကျကျ၊ အဂတိကင်းစွာ ဆောင်ရွက်ကြရန် လိုသကဲ့သို့ ဘဝအခြေအနေအရ ကျူးကျော်နေထိုင် ကြရသူများအပေါ်တွင် စာနာထောက်ထားမှုဖြင့် ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။ ထို့အပြင် စီးပွားဖြစ် ကျူးကျော်သူများ၊ မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့ အကြမ်းဖက် မြေကွက်လုသူများကိုလည်း ဥပဒေများ နှင့်အညီ ထိထိရောက်ရောက် အရေးယူသွားရန် လိုအပ်မည်ဖြစ် ပါကြောင်း။ ။
No comments:
Post a Comment