Tuesday, May 31, 2016

မက္ကဆီကိုမြောက်ပိုင်း၌ ပြန်ပေးဆွဲခံရသော ဘောလုံးအကျော်အမော်တစ်ဦးကို ကယ်တင်ပေးနိုင်


The Mirror Daily's photo.
မက္ကဆီကိုစီးတီး မေ ၃ဝ
မက္ကဆီကိုလူမျိုး ဘောလုံးအကျော်အမော်တစ်ဦးဖြစ်သူ အလန်ပူလီဒိုသည် ၄င်း၏ ဇာတိမြို့၌ ပြန်ပေးဆွဲခံခဲ့ရပြီး တစ်ရက်အကြာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၄င်းကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက မေ ၃ဝ ရက်တွင် သတင်း ထုတ်ပြန်သည်။
ဂရိဘောလုံးအသင်းဖြစ်သော အိုလံပီယာကော့စ် အသင်း၏ တိုက်စစ်မှူးတစ်ဦးဖြစ်သူ ပူလီဒိုသည် မက္ကဆီကို နိုင်ငံမြောက်ပိုင်း တာမူလီပတ်ပြည်နယ်ရှိ ¤င်း၏နေအိမ်မှ မေ ၂၈ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရသည်။
အသက်(၂၅)နှစ်ရှိ ပူလီဒိုသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင် မက္ကဆီကိုအမျိုးသားလက်ရွေးစင်အသင်း၏ ဘောလုံးသမားတစ်ဦးဖြစ်ပြီး ၄င်း၏ ဇာတိမြေ ဆီယူဒက် ဗစ်တိုးရီးယားမြို့ရှိ နေအိမ်မှ ပြန်ပေးဆွဲခံခဲ့ရသည်။ မေ ၂၈ ရက် အရုဏ်တက်ချိန်တွင် လက်နက်ကိုင်ဆောင် ထားသော အမျိုးသားခြောက်ဦးက ပူလီဒိုကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်ဟု ၄င်း၏ မိသားစုက အာဏာပိုင် များထံ အကြောင်းကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ တက္ကဆက်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသော တာမူလီပတ်ပြည်နယ်သည် တရားဥပဒေစိုးမိုးမှုအားနည်းနေသောဒေသဖြစ်ပြီး ပြန်ပေး ဆွဲခံရသူ ဘောလုံးသမားကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကြည်းကြောင်းနှင့် လေကြောင်းတို့မှ ရှာဖွေမှု များ ပြုလုပ်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပူလီဒိုကို ဘေးမသီ ရန်မခ ကယ်တင်ပေးနိုင်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment