Tuesday, May 31, 2016

တောင်ကိုရီးယားသမ္မတရာထူးအတွက် ဘန်ကီမွန်း ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ


The Mirror Daily's photo.
ဆိုးလ် မေ ၃ဝ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် လာမည့်နှစ်တွင် ၄င်း၏မိခင်နိုင်ငံဖြစ်သည့် တောင်ကို ရီးယားတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံသွားဖွယ်ရှိသည်ဟု သိရသည်။
ဘန်ကီမွန်းသည် မေ ၂၉ ရက်တွင် ဂျိုဆောင်းမင်း ဆက်လက်ထက်ကတည်းက အိမ်များကို ထိန်းသိမ်းထား သည့် တောင်ကိုရီးယားရွာတစ်ရွာသို့ သွားရောက်ခဲ့ပြီး ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ဘန်ကီမွန်းသည် ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျီ ၇ ထိပ်သီးဆွေးနွေးပွဲမှတစ်ဆင့် မေ ၂၇ ရက်တွင် တောင်ကို ရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ အစိုးရပါတီက လာမည့်နှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ဘန်ကီမွန်း သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင် မည်ဟူသော ကောလာဟလများကို ပျံ့နှံ့စေလိုသည်။ သို့သော်လည်း ဘန်ကီမွန်းကိုယ်တိုင်က ၄င်း၏ ရည်ရွယ် ချက်ကို ပြတ်ပြတ်သားသားချမှတ်နိုင်ခြင်း မရှိသေးသကဲ့သို့ ၄င်း၏ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးသက်တမ်း တာဝန်မှာလည်း ယခုနှစ်ကုန်တွင်မှ ပြီးဆုံးမည်ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်များ ဒီဇင် ဘာလကုန်တွင်ပြီးဆုံးသည့်အခါ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအနေဖြင့် ၄င်း၏အနာဂတ်ကို စဉ်းစားဆုံးဖြတ် သွားမည်ဟု ဘန်ကီမွန်းက တောင်ကိုရီးယားမီဒီယာများကို ပြောကြားသည်။ ဘန်ကီမွန်းသည် တောင်ကိုရီးယားသို့ ပြန်လည်ရောက်ရှိနေစဉ်ကာလအတွင်း ဝန်ကြီးချုပ်ဟောင်း များအပါအဝင် ဝါရင့်နိုင်ငံရေးသမားများနှင့် တွေ့ဆုံခဲ့ သည်ဟု ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment