Monday, May 2, 2016

ဇလွန်မြို့နယ် ဧရာဝတီအရှေ့ဘက်ကမ်းကူးတို့ဆိပ်ကျေးရွာ ကမ်းပါးပြို


The Mirror Daily's photo.
ဇလွန် မေ ၁
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်း ဘေးတွင် တည်ရှိသော ကူးတို့ဆိပ်ကျေးရွာမြစ်ကမ်းပါးမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဧပြီ ၂၇ ရက် နံနက် ၂ နာရီမှစ၍ ကမ်းပါးပြိုကျလျက်ရှိရာ ဧပြီ ၂၉ ရက်အထိ အလျား ပေ၂၅ဝဝ၊ အနံ ပေ ၅၄ဝ ပြိုကျခဲ့သဖြင့် ဇလွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊ြွဥ အဖွဲ့ဝင်များ သွားရောက်ပြီး သစ်အိမ် ၄၆ လုံး၊ ပတ်ကား အိမ်နှစ်လုံး၊ ဓနိမိုးထရံကာအိမ် ၂၉ လုံး စုစုပေါင်း ၇၇ လုံးကို မြစ်ကမ်းနှင့်ဝေးသည့်နေရာများသို့ ပြောင်းရွှေ့ ပေးခဲ့ပြီးဖြစ်သည်။
မြစ်ကမ်းပါးပြိုခြင်းမှာ ဧရာဝတီမြစ်ကြောင်းပြောင်းခြင်းကြောင့်ဖြစ်ပြီး ယခုရက်တွင် မြစ်ကမ်းပါးပြိုမှု အနည်းငယ်ရပ်တန့်သွားသည်။ ကူးတို့ဆိပ် ကျေးရွာ မြစ်ကမ်းပါးပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၈၆၆ သိန်းခန့်ဖြစ်ကြောင်း သိရသည်။
ငွေသန်း(ဇလွန်)

No comments:

Post a Comment