Saturday, May 28, 2016

ရက် ၁ဝဝ စီမံချက်ဖြင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိရန်ဆောင်ရွက်

The Mirror Daily's photo.
နတ်တလင်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်နတ်တလင်းမြို့ ရန်ကုန်-ပြည်လမ်းရှိ ရွှေလင်းခန်းမရှေ့၌ ပြည်သူ့အကျိုးပြုရက် ၁ဝဝ စီမံချက်ဖြင့် မေ ၂၆ ရက် နံနက်ပိုင်းက ပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်စေရန် ရဲမှူးအောင်မိုး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဒုရဲအုပ်ခင်မောင်ဝင်းနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ် စီးသူများအား ဆိုင်ကယ်စီးဦးထုပ်ဆောင်း ရန်၊ သုံးယောက်မစီးရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့သည်။
ဝ၇၁

No comments:

Post a Comment