Tuesday, May 31, 2016

အသစ်ထွက်လာမည့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်များတွင် ဆက်လက်ပါဝင်လိုစိတ်မရှိတော့သည့် ဒါရိုက်တာ ဆမ်မန်ဒက်စ်

The Mirror Daily's photo.
ဂျိမ်းစ်ဘွန်း၏ နောက်ဆုံးထွက်ရှိခဲ့သည့်ဇာတ်ကားနှစ်ကားဖြစ်သည့် Skyfall နှင့် Spectre ဇာတ်ကား များကို ပုံဖော်ခြယ်မှုန်းခဲ့သည့် ဗြိတိန်ဝါရင့်ဒါရိုက်တာ ဆမ်မန်ဒက်စ်က အသစ်ထွက်ရှိလာမည့် ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်များတွင် ဆက်လက်ပါဝင်လိုစိတ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
''ဂျိမ်းစ်ဘွန်းဇာတ်ကားတိုင်းဟာ မယုံနိုင်ဖွယ် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ဇာတ်ကား ကောင်းတွေချည်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်တိုင်းကို ကျွန်တော်နှစ်သက်တယ်။ ကျွန်တော့်အထင် ကတော့ အခုချိန်ဟာ သူများကို အလှည့်ပေးရမယ့်အချိန်လို့ ထင်ပါတယ်''ဟု အော်စကာဆုရှင် ဒါရိုက်တာက ဆိုသည်။
တစ်ချိန်က ဟောလိဝုဒ်တွင် နာမည်ကြီးဇာတ်ကားများအဖြစ် ရပ်တည်ခဲ့သည့် American Beauty ဇာတ်ကားနှင့် Revolutionary Road ဇာတ်ကားတို့၏ ဖန်တီးရှင် ဒါရိုက်တာဆမ်က ဆက်လက် ရိုက်ကူးမည့် ဇာတ်ကားများအနေဖြင့် ပရိသတ်များမျှော်လင့်မထားသည့်ဇာတ်လမ်းမျိုးဖြစ်လာမည်ဖြစ်ကြောင်းလည်း ဖွင့်ဟဝန်ခံခဲ့သည်။
ထို့အပြင် ဂျိမ်းစ်ဘွန်းဇာတ်ကားများ၏ ထုတ်လုပ်သည့်ကုမ္ပဏီအနေဖြင့်လည်း ဝဝ၇ ၏ပဉ္စမမြောက် ဇာတ်ကားသစ်တွင် ယခင်က ပင်တိုင်မင်းသား ဒန်နီယယ်ခရေ့ခ်ျ ဆက်လက်ပါဝင်နိုင်မှုရှိ၊ မရှိကို ယခုထိ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပေ။ မင်းသား ဒန်နီယယ်သည် ဒါရိုက်တာဆမ်မန်ဒက်စ်၏ ဇာတ်ကား ကောင်းများဖြစ်သည့် Casino Royale နှင့် Quantum of Solace ဇာတ်ကားတို့တွင်လည်း ပါဝင်သရုပ် ဆောင်ခဲ့သည့် မင်းသားတစ်ဦးလည်းဖြစ်သည်။
မျိုးစန္ဒာမောင် ရေးသားသည်

No comments:

Post a Comment