နိုင်ငံခြားရေးဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်
ရှင်မင်း ၊ ဓာတ်ပုံ-ကိုကိုလေး
နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ စာမျက်နှာပေါ်မှ မြန်မာ နိုင်ငံ၏
ရပ်တည်ချက်၊ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား မြှင့်တင်ရေး
အစရှိသည်တို့ ပါဝင်နေသည့် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပထမခြေလှမ်း ရက် ၁ဝဝ
ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်မှုပေးနေသည့်အတွက်
ပြည်သူစိတ်ဝင်စားမှု မြင့်မားလျက်ရှိသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် ရာဇဝတ်မှု ကင်းရှင်းပြီး ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှား မှုကြောင့် အမည်မည်းစာရင်း(Black List) ထည့်သွင်းခံထား ရသူများကို အမည်မည်းစာရင်းမှ ထုတ်ပယ်နိုင်ရေး၊ မြန်မာ နိုင်ငံဆိုင်ရာ သံရုံးများသည် မိဘအိမ်ရိပ်သဖွယ် ပြည်ပရောက် မြန်မာနိုင်ငံသားများ အားကိုးအားထားရာအဖြစ် ကြိုးပမ်းဖော်ဆောင်သွားမှုနှင့်အတူ ပြည်ပရောက် မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ မြန်မာနိုင်ငံသားဟောင်းများ၏ စွမ်းအား အရင်းအမြစ်များကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လာစေရန် ပြည်ဝင်ဗီဇာ လွယ်ကူစွာရရှိရေး၊ ပြည်နေခွင့် ပိုမိုရရှိရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရက် ၁ဝဝ အတွင်း ဦးစားပေးဆောင် ရွက်သွားမည်ဖြစ်သည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် ရာဇဝတ်မှု ကင်းရှင်းပြီး ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှား မှုကြောင့် အမည်မည်းစာရင်း(Black List) ထည့်သွင်းခံထား ရသူများကို အမည်မည်းစာရင်းမှ ထုတ်ပယ်နိုင်ရေး၊ မြန်မာ နိုင်ငံဆိုင်ရာ သံရုံးများသည် မိဘအိမ်ရိပ်သဖွယ် ပြည်ပရောက် မြန်မာနိုင်ငံသားများ အားကိုးအားထားရာအဖြစ် ကြိုးပမ်းဖော်ဆောင်သွားမှုနှင့်အတူ ပြည်ပရောက် မြန်မာနိုင်ငံသားများသည် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ မြန်မာနိုင်ငံသားဟောင်းများ၏ စွမ်းအား အရင်းအမြစ်များကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လာစေရန် ပြည်ဝင်ဗီဇာ လွယ်ကူစွာရရှိရေး၊ ပြည်နေခွင့် ပိုမိုရရှိရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရက် ၁ဝဝ အတွင်း ဦးစားပေးဆောင် ရွက်သွားမည်ဖြစ်သည်။
အလားတူ နိုင်ငံတကာဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရေး၊ နိုင်ငံပေါင်း ၁၁၆ နိုင်ငံနှင့် သံတမန်ဆက်ဆံ ထူထောင်ထားပြီး တိုးချဲ့ထူထောင်နိုင်ရန် ရက် ၁ဝဝ ကာလအတွင်း နိုင်ငံလေးနိုင်ငံနှင့် လက်မှတ်ရေးထိုးနိုင်ရေး၊ Diplomatic Academay တည်ထောင်နိုင်ရေးအတွက် နိုင်ငံတကာ ပညာရှင် များနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံခြားသံအမတ် ကြီးများ၊ UN နှင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများ၏ ပြည်တွင်း ခရီးသွားလာမှု၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့်စသည်တို့ကို လွယ်ကူသွက်လက်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရဝန်ထမ်း များနှင့် ဝန်ကြီးဌာနများအတွက် နိုင်ငံခြားရေးရာ မူဝါဒကော်မတီ၏ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးရေးကိုလည်း အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ၅ နှစ်တာကာလ အတွင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ပြည်သူများ သိရှိနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်မှုပေးနေတဲ့
နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ရက် ၁ဝဝ အတွင်း ဆောင်ရွက် မှုတွေကို ပြည်သူတွေက စိတ်ဝင်စားကြပါတယ်။ ဒါ့ကြောင့် ဘာတွေ ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာနဲ့ ဝန်ကြီးဌာနနဲ့ မျှော်မှန်း ချက်နဲ့အညီ နိုင်ငံသားတွေအကျိုးကို ဘယ်လိုကာကွယ်မြှင့်တင် သွားမယ်ဆိုတာ သိရှိလိုပါတယ်ရှင့်။
ဖြေ ။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ရော၊ က္ဘာ့နိုင်ငံတွေနဲ့ရော ပူးပေါင်း
ဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့က နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန်ချစ်ကြည်ရေးခရီးတွေ သွား ရောက်တာက အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရသစ်တာဝန်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ ရပ်ဝေးရပ်နီး နိုင်ငံတွေက ချစ်ကြည်ရေးခရီးစဉ်တွေကို စတင်လက်ခံ ဆောင်ရွက်ပေးခဲ့တယ်။ နောက်ထပ်ခရီးစဉ်တွေကိုလည်း ညှိနှိုင်း စီစဉ်သွားမှာဖြစ်ပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနဲ့ ချစ်ကြည်ရေးမြှင့်တင် ရုံသာမက အာဆီယံနှင့် ဆက်ဆံရေးကို အလေးထားတဲ့ မိမိတို့ မူဝါဒကိုလည်း ထင်ဟပ်ပြသနိုင်ခဲ့တဲ့ လာအိုနိုင်ငံကို နိုင်ငံတော် သမ္မတရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မေလအတွင်းက သွားခဲ့ ပါတယ်။ အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးတက်ရောက် ဖို့ ရုရှားနိုင်ငံကို နိုင်ငံတော်သမ္မတ မေလ ၁၈ ရက်နေ့က သွားရောက် ခဲ့ပြီးတော့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း မြန်မာနိုင်ငံအစိုးရ သစ်ကို ထောက်ခံအားပေးမှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံကို မေလ ၂၂ ရက်နေ့က လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေအနက် စီးပွားရေးတိုးတက် မှုအပေါ် အဟန့်အတားဖြစ်နေတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ပထမတစ်လအတွင်းမှာ တရုတ်၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ၊ ဆွီဒင်နိုင်ငံမှ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရဲ့ ခရီးစဉ်တွေကို စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကို ဘက်ပေါင်းစုံက ကူညီပံ့ပိုးမှုတွေ၊ ငွေကြေးအကူအညီနဲ့ နည်းပညာ အကူအညီတွေ ကူညီပံ့ပိုးပေးဖို့ ကတိပြုပြောကြားသွားကြတာ တွေ ရှိပါတယ်။
မြန်မာနိုင်ငံသားတွေအကျိုး၊ အဓိကအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံ အလုပ်သမားတွေ၊ ရွှေ့ပြောင်းနေထိုင်ကြရသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေ ကို သွားရောက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများပြားတဲ့ စင်ကာပူတို့လို အာဆီယံနိုင်ငံတွေနဲ့ ချစ်ကြည်ရေးခရီးအပြန်အလှန် လည်ပတ် မှုတွေ ဖြစ်မြောက်အောင် ညှိနှိုင်းဆောင်ရွက်နေပါတယ်။
လုံခြုံရေးအရ ခရီးစဉ်တွေအားလုံးကို ကြိုတင်ပြောကြားလို့ မရပေမယ့် ဒီလို ခရီးစဉ်တွေကနေတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့ထူထောင်ဖို့အတွက် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ ဂီနီနိုင်ငံ၊ ကုတ်ဒီဗွားသမ္မတနိုင်ငံ၊ အီကွေဒေါ သမ္မတနိုင်ငံ၊ ဆေးရှဲလ်သမ္မတနိုင်ငံတွေနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ ရက် ၁ဝဝ အတွင်းမှာ ဂီနီနိုင်ငံ၊ ကုတ်ဒီဗွား သမ္မတနိုင်ငံ၊ အီကွေဒေါ သမ္မတနိုင်ငံ၊ ဆေးရှဲလ်သမ္မတနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှု ထူထောင်ရေး လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့မျှော်မှန်းထားပါ တယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ဝန်ကြီးဌာနမှ မြန်မာ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကလည်း ပိုပြီးတော့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ပမှာ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာ သံအမတ်ကြီးတွေ၊ သံရုံးအကြီးအကဲတွေကိုလည်း နေပြည်တော် မှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် မကြာခင် စုပေါင်းခေါ်ယူတွေ့ဆုံ ပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ တရားဝင်အကျိုး စီးပွားတွေ ကာကွယ်ပေးဖို့၊ အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒ တွေ အသိပေးပြောကြားဖို့နဲ့ အမြင်ချင်းဖလှယ်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေရဲ့ အတွေ့အကြုံနဲ့ နည်းပညာ စွမ်းအားစုတွေကိုလည်း မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်း တွေမှာ တိုးမြှင့်ပါဝင်လာကြစေဖို့ ပြည်ဝင်ဗီဇာ ပိုမိုလွယ်ကူစွာရရှိ ဖို့နဲ့ ပြည်နေခွင့်ပိုပြီးရရှိဖို့ လုပ်ထုံးလုပ်နည်းတွေကို သိသိသာသာ ဖြေလျှော့ဆောင်ရွက်မှာပါ။ ပြစ်မှုကျုးလွန်ခြင်းမရှိဘဲနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အမည်မည်းစာရင်းတင်သွင်းခံရပြီးတော့ ပြည်ပြန်ခွင့် ပိတ်ပင်တားမြစ်ခံထားရတဲ့ကိစ္စတွေ ဖယ်ရှားပေး နိုင်ဖို့ ရက် ၁ဝဝ အတွင်း ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားသံအမတ်ကြီးတွေ၊ ကုလသမဂ္ဂ နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲတွေအနေနဲ့ ပြည်တွင်းခရီးသွားလာတာ၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့် ဒါတွေကို လည်း ပြန်လည်သုံးသပ်ဖြေလျှော့ပေးဖို့လည်း ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ အင်္ဂလိပ်စကားလည်း မပြောတတ်၊ သံတမန်နည်းပညာလည်း မသိကျွမ်းတဲ့ သံတမန်မျိုးတွေနဲ့ ဆောင်ရွက်လို့မရနိုင်ပါဘူး။ ဒါ့ ကြောင့် သံတမန်ဆက်သွယ်မှု တိုးတက်များပြားလာမယ့်အချိန်မှာ အရည်အချင်းရှိပြီး ကျွမ်းကျင်မှုပြည့်ဝတဲ့ သံတမန်ကောင်းတွေ ပြန်လည်ပေါ်ထွန်းလာဖို့၊ လေ့ကျင့်ပျိုးထောင်ပေးဖို့ Diplomatic Academay တည်ထောင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်မှာဖြစ် သလို ပြည်ပမှ ကျွမ်းကျင်သူတွေ ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ရက် ၁ဝဝ အတွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အစိုးရဝန်ထမ်းတွေ ပြည်ပကို အစည်းအဝေးတက်ရောက် တာ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပြည်ဝင်ဗီဇာ လျှောက် ထားတာတွေကိုလည်း ပိုပြီးလျင်မြန်သွက်လက်အောင် လုပ်ထုံး လုပ်နည်းတွေကို ဖြေလျှော့ပေးနေပါတယ်။
မေး ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံ
ရေးကို ဘယ်လိုမူဝါဒတွေ ချမှတ်ဆောင်ရွက်သွားမလဲ ဆိုတာသိချင်ပါတယ်။
ဖြေ ။ ။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွား
ကာကွယ်မြှင့်တင်နိုင်ဖို့ဆိုတဲ့ မျှော်မှန်းချက်(Vision) ကို ဦးထိပ်ထားပြီး လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးစကတည်းက အပြု သဘောဆောင်တဲ့ ကြားနေရေးဝါဒကို ကျင့်သုံးခဲ့ပြီးတော့ စစ်အေး ကာလမှာတောင် အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုအကြားမှာ က္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့ပါတယ်။
အဲဒီအပြုသဘောဆောင်တဲ့ ကြားနေရေးဝါဒဟာ နိုင်ငံတကာ ပြဿနာရပ်တွေမှာ တရားမျှတမှုနဲ့ မှန်ကန်မှုရှိတဲ့ဘက်က လွတ်လပ်စွာ ဆုံးဖြတ်ရပ်တည်တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာလည်း ကြားနေဝါဒ အနှစ်သာရကို ပိုပြီးပီပြင်စေဖို့ ''လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ''လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာချက်မှာလည်း လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကိုပဲ ကျင့်သုံးမယ်လို့ ဖော်ပြထားပါတယ်။
မူဝါဒကို အကောင်အထည်ဖော်ရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားကာကွယ်မြှင့်တင်ရေး၊ အမျိုး သားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမို ကရေစီဖော်ဆောင်ရေးနဲ့ ပြည်သူလူထုအားလုံးရဲ့ လူမှုစီးပွားဘဝ ကို မြှင့်တင်ရေးဒါတွေကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် အပေါ် အခြေခံ ပြီး ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်ပြီးတော့ အစိုးရသစ်ရဲ့ နိုင်ငံ ခြားရေးမူဝါဒကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့လည်း
ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးတွေကို ရော၊ အာဆီယံသံအမတ်ကြီးတွေကိုပါ သီးခြားစီတွေ့ဆုံပြီး တော့ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
မေး ။ ။ ဒေသအတွင်း အာဆီယံနိုင်ငံတွေအပြင် အိန္ဒိယ၊ တရုတ်
အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ ဘယ်လိုဆက်ဆံ ဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ပြည်သူရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရသစ်
တက်လာရင် ဒီမိုကရေစီတွန်းအားပေးနေတဲ့ အနောက် နိုင်ငံတွေနဲ့ ဆက်ဆံမှုပိုများလာမယ်လို့ အချို့ ခန့်မှန်းသုံးသပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို အလေးပေးရုံသာမက က္ဘာ့နိုင်ငံ တွေ အားလုံးနဲ့ပါ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ တိုးမြှင့်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
အာဆီယံအသိုက်အဝန်းကို ၂ဝ၁၅ ခုနှစ်ကုန်က တည်ထောင် ခဲ့ပြီးဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီအချက်ကို နိုင်ငံတော်အကြီးအကဲ ရဲ့ ပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံကို သွားရောက် ခဲ့တဲ့ အချက်က မီးမောင်းထိုးပြခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတွေ အပါအဝင် က္ဘာ့နိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတွက် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ထိန်းသိမ်းဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ဖို့ သိမ်မွေ့စွာကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ စီးပွားရေးအင်အားကြီး အိမ်နီးချင်းနှစ်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေမှာ နိုင်ငံတကာဆက်ဆံရေး ကအစ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး ဒီလိုဆက်နွှယ်မှု တွေ အများကြီးရှိသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့ အတွက် အရေးကြီးတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး နဲ့အတူ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဝတ်မပျက်တဲ့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးအဖြစ် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ အချုပ်အခြာအာဏာအရ တန်းတူညီမျှမှုနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှု၊ ပြည်
သူတွေ အချင်းချင်းဆက်ဆံရေးနဲ့ ချစ်ကြည်နားလည်မှုကို အခြေခံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ပြီး အစဉ်အလာအရ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ၅ နှစ်တာကာလမှာကော ဘယ်အချက်တွေ အဓိကထား
ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံတကာဆက်ဆံရေးဆိုတာက စဉ်ဆက်မပြတ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ဒီဆက်ဆံရေးကို အခြေခံပြီးတော့ ကိုယ့်နိုင်ငံအကျိုးစီးပွားရဖို့အတွက် ငွေကြေး၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ကူညီပံ့ပိုးမှုတွေရဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လာမည့် ၅ နှစ်တာကာလအတွင်း ကျွန်တော်တို့ဝန်ကြီး ဌာနအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ၊ ပုံရိပ်ပြန်လည်မြှင့်တင်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ထားပါတယ်။ အထူးသဖြင့် ကျန်ရှိနေဆဲ လူ့အခွင့်အရေး စိန်ခေါ်မှုတွေကို အမျိုးသား ရင်ကြားစေ့ရေး မထိခိုက်စေဘဲ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ဦးတည်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
အရင်က မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးအခြေအနေ ကြောင့် အာဆီယံအဖွဲ့နဲ့ အနောက်နိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ အဟန့်အတားဖြစ်နေခဲ့ရတဲ့အတွက်problem child လို့တောင် ပြောကြပါတယ်။ အခုတော့ မြန်မာနိုင်ငံပါဝင်မှုကြောင့် အာဆီယံရဲ့ ဂုဏ်ရောင်ပိုတောက် ပြောင်လာပြီးတော့ အာဆီယံနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ပိုမိုတိုးတက်မြင့်မားလာစေရမယ့် အခြေအနေမျိုးရောက် အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက် လို့ လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)ခု ကျော်ကနေ အခုအထိ နိုင်ငံတကာ မျက်နှာစာမှာ ဝေဖန်ဖိအားပေးတာတွေ ရင်ဆိုင်ခဲ့ရပါတယ်။
ဒုတိယရည်မှန်းချက်ကတော့ မြန်မာနိုင်ငံက ကတိကဝတ် ပြု ပါဝင်ဆောင်ရွက်ဖို့ရှိတဲ့ လူ့အခွင့်အရေးနဲ့ လက်နက်ဖျက် သိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ် တွေကို အတည်ပြုပါဝင်လက်မှတ်ရေးထိုးပြီးတော့ ကတိ ကဝတ်ပြုမှုတွေကိုပြသပြီး နိုင်ငံပုံရိပ်ကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆောင်ရွက်ပုံကို ထိပ်တိုက်ရင်ဆိုင် မှုအစား ထိတွေ့ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ပြောင်းလဲ ဆောင်ရွက်သွားမှာ ဖြစ်
ပါတယ်။
မေး ။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေ အပြည့်အဝရရှိဖို့ရော ဘယ်လို ကူညီဆောင်ရွက်သွားမှာပါလဲ။
ဖြေ ။ ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကာကွယ်
မြှင့်တင်ရေးဟာ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ မြန်မာ သံရုံးတွေရဲ့ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ပြည်ပမှာနိုင်ငံသားတွေ အလုပ်လုပ်တဲ့အခါ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေရဲ့ ဥပဒေစည်းမျဉ်းတွေ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အကာအကွယ်တွေရရှိအောင် တတ်စွမ်းသလောက် ကြိုးပမ်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေအတွက် လူမှုရေးဗီဇာ(social visa) နဲ့ ပြည်နေခွင့် ၂၈ ရက်ပဲ ခွင့်ပြုထားတာမျိုးကို သုံးလကနေ ခြောက်လအထိ တိုးမြှင့်နေထိုင်ခွင့်ရရှိစေဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေထဲက ကိုယ့်နိုင်ငံရဲ့ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍစတာတွေမှာ ကူညီပံ့ပိုးပေး ဖို့ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးဖို့ ပြန်လာလိုသူတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းပညာရှင်တွေ၊ ကျွမ်းကျင် သူတွေ၊ ဆရာဝန်ကြီးတွေရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အတွေ့ အကြုံတွေ၊ အရင်းအနှီးတွေကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အခြေအနေကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ဖို့ စီစဉ်နေပါတယ်။ ဦးနှောက်ယိုစီးမှု (Brain drain) ကနေ ဦးနှောက်အမြတ်ရမှု (Brain drain) အသွင်ပြောင်းလဲရေး ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ပြည်ပမှာ ရာဇဝတ်မှုဖြစ်နေ သူတွေဆိုရင်တောင် ပစ်ပယ်မထားဘဲ ကူညီဆောင်ရွက်ပေးဖို့ မှာကြားထားပါတယ်။ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ နိုင်ငံသားအကျဉ်းသားတွေရဲ့ ပိုပြီးအလေးထားဆောင်ရွက် ပေးမှာ ဖြစ်ပြီးတော့ အရင် ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်တွေ လျော့ပေါ့စေဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေကို အရင်က တစ်နှစ်တစ်ကြိမ်သာ ဆောင်ရွက်ပေးခဲ့ရာကနေ အခု သုံးလ တစ်ကြိမ် ဆောင်ရွက်ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။
မေး ။ ။ လက်ရှိ နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန
ရဲ့ ရေရှည် မျှော်မှန်းချက်တွေကိုလည်း ပြည်သူတွေသိရှိစေဖို့ ပြောကြား ပေးပါ။
ဖြေ ။ ။ လက်ရှိအားဖြင့် မြန်မာနိုင်ငံမှာ ကုလသမဂ္ဂနဲ့ နိုင်ငံ
တကာအဖွဲ့အစည်းပေါင်း ၁၈ ခု ခန့်ရှိပါတယ်။ အလှူ ရှင်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီဘက်မှာသာများပြီး ဖွံ့ဖြိုးရေးဘက် မှာ အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။
အခု မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းမှာ အဘက်ဘက်က ကူညီပံ့ပိုးထောက်ပံ့မှုတွေ တိုက်ရိုက်ပေးအပ် ဖို့ အလှူရှင်တွေ စိတ်ဝင်စားမှုအကြီးမားဆုံးအနေအထားကို ရောက်ရှိနေပါတယ်။ ဒီအနေအထားကို မြန်မာနိုင်ငံအနေနဲ့ အကျိုးရှိရှိ အသုံးချတတ်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးက မေလ ၁၁ ရက်နေ့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းအကြီးအကဲတွေကို တွေ့ဆုံပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးမှာ ကျွန်တော် တို့နိုင်ငံရဲ့ သဘောထားတွေကို ပြောကြားခဲ့ပါတယ်။ ပြည် ထောင်စုဝန်ကြီးက ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အလှူရှင် နိုင်ငံတွေက အမှန်တကယ် လိုအပ်တဲ့နေရာမှာ ကူညီပံ့ပိုးမှုပေး ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ လုပ်ငန်းတွေထပ်မနေစေဖို့ အလေးထားပြောခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားအလှူရှင်များ ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်း မှာဖြစ်ပါတယ်။
နိုင်ငံတော်နှင့် ပြည်သူပြည်သားတွေ၏ အကျိုးစီးပွား ကို ကာကွယ်မြှင့်တင်ရေးကို မျှော်မှန်းချက်(vision) အဖြစ် သတ်မှတ်ပြီး လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားအကျိုးစီးပွား အတွက် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသား များ၏ တရားဝင်ရပိုင်ခွင့်များ၊ အကျိုးစီးပွားများကို ကာကွယ် ပေးရေးအတွက် ကူညီဆောင်ရွက်ရေး၊ နှစ်ပြည်ထောင်အဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံ
တကာအဆင့်များတွင် ကုလသမဂ္ဂ နှင့် လက်အောက်ခံအဖွဲ့အစည်းများနှင့်အတူ တက်ကြွစွာ ပါဝင်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အကူအညီတွေရရှိရန် ဆောင်ရွက်ပေးရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာ ပုံရိပ် ပြန်လည်ကောင်းမွန်လာရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာနက အဓိကအလေးပေးဆောင်ရွက်သွားမည်ဖြစ်သည်။
No comments:
Post a Comment