နေပြည်တော် မေ ၂၆
မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အစည်းအဝေး (၁/၂ဝ၁၆) ကို ယနေ့နံနက် ၁ဝ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားရာတွင် ယခုအစည်းအဝေးသည် ဇွန် ၁ ရက်မှ ၆ ရက်အထိ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ဘရာဘမ်မြို့၌ကျင်းပမည့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုဝန်ကြီးများ၏ (၁၅) ကြိမ်မြောက် ASCC အစည်းအဝေးနှင့် အကြိမ် (၂ဝ)မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ထားရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂ဝ၂၅ ခုနှစ် အာဆီယံအသိုက်အဝန်း ပီပြင်စွာဖြစ်ပေါ်လာစေရန် အမျိုး သားအဆင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပြောင်းလဲမှုများနှင့်အညီ လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်ခြင်းသည် ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသည့် အရည်အသွေးတစ်ရပ်ဖြစ်ကြောင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေစဉ် ၂ဝ၁၆ ခုနှစ်တွင် ဦးစားပေးနယ်ပယ်များနှင့် ဆောင်ရွက်ရန်များဖြစ်သည့် အသိုက်အဝန်းဆိုင်ရာ သက်ဆိုင်ရာကဏ္ဍအသီးသီးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသဆိုင်ရာမူဝါဒများ၊ အစီအစဉ်များ၊ စီမံကိန်းများ အောက်တွင် ဖော်ဆောင်ရန်ရှိခြင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂ဝ၂၅၊ အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုရန် ကြေညာချက်များ၊ ပူးတွဲကြေညာ ချက်များ၊ ထုတ်ပြန်နိုင်ရေးတို့ ရှိပါကြောင်း၊ (၁၅) ကြိမ်မြောက် ASCC အစည်းအဝေး တွင် သဘာဝဘေးအ္တရာယ်နှင့်ပတ်သက်၍ ဆွေးနွေးရမည်ဖြစ်ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယခုလက်ရှိ ဆောင်ရွက် နေမှုများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီများ၊ ဘေးအ္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီများ ညှိနှိုင်း မှုဌာန(AHA Centre) ASEAN Coordination Centre for Humanitarian
Assistance on Disaster Management နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊Update များကို အချိန်မီ အတွင်းရေးမှူးရုံးသို့ပေးပို့နိုင်ရေးတို့ကို ထည့်သွင်းပြောကြား သည်။
ထို့နောက် အဆိုပါအစည်းအဝေးတွင် အာဆီယံ၏ ၂ဝ၂ဝ မျှော်မှန်းချက်ဖြစ်သည့် စိမ်းလန်းသော အာဆီယံဖြစ်ပေါ်စေရေးအတွက် အာဆီယံ အစိမ်းရောင်စီးပွားရေး ဗဟိုဌာန၏လုပ်ငန်းလမ်းညွှန်(Terms of Reference for ASEAN Institute
for Green Economy) နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆွေးနွေးရ မည်ဖြစ်သဖြင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အချိန်မီ ပေးပို့ရန် မှာကြားခဲ့သည်။ ASCC ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ပြည်သူလူထုအခြေပြု လူမှုရေးရာများ တာဝန်ယူနိုင်သည့် အသိုက်အဝန်းတစ်ရပ် အဖြစ် ဖော်ဆောင်ရာတွင် မိမိတို့အမျိုးသားအဆင့် ဆောင်ရွက်မှုများနှင့် လိုက်လျော ညီထွေစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များက အစည်းအဝေး၌ တင်ပြရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment